◾ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံး မိသားစုဝင်များနှင့် သင်တန်းသားများကို သွားရောက်တွေ့ဆုံ အမှာစကားပြောကြား

၂. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ပေကျင်းမြို့ရှိ စွယ်တော်ကျောင်းတိုက်သို့ သွားရောက်ပြီး ဗုဒ္ဓစွယ်တော်မြတ်ကို ဖူးမြော်ကြည်ညိုခဲ့သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်အဖြစ် ဩဂုတ်လ ၃၀ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် SCO SUMMIT 2025 Plus သို့ တက်ရောက်ဆွေးနွေးခဲ့ခြင်း၊ တရုတ်သမ္မတရှီကျင့်ဖိန်နှင့် သီးသန့်တွေ့ဆုံဆွေးမှုအပြင် အခမ်းအနား တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့သို့ ရောက်ရှိချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပေကျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ခြင်းဖြစ်သည်။
