၂. ၉. ၂၀၂၅
Translated by Thettant
ယနေ့ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မြောက်ပိုင်းရှိ SuperCheap ဆိုင်ခွဲကြီးအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကွန်ကရစ်သယ်ဓာတ်လှေကား မတော်တဆမှုကြောင့် မြန်မာအမျိုးသား ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဦးခေါင်းဒဏ်ရာရကာ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။
ကနဦးသတင်းများအရ အဆိုပါမြန်မာလုပ်သားသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေစဉ် ကွန်ကရစ်သယ်ဓာတ်လှေကားဖြင့် ဦးခေါင်းတွင် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ပြီး အသက်ရှင်သန်ဖွယ်မရှိကြောင်း း ဖူးခက်မြို့တော်ရဲစခန်းမှ ဒုရဲမှူး (စုံစမ်းရေး) နတ်သနွန် ဆရီလက်က ပြောကြားခဲ့သည်။
ဖြစ်စဉ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူမှာ အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုသက်ဝင်းဖြစ်ကြောင်း ဖူးခက်မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းကို လုပ်ဖော်ကိုင်ဘက်များက Mission ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာမီ သေဆုံးသွားကြောင်း ဖူးခက်မြို့တော်ရဲစခန်းမှ ဒုရဲမှူး (စုံစမ်းရေး) နတ်သနွန် ဆရီလက်က ရဲအရာရှိများထံသို့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေဆုံးမှုကို အတည်ပြု အကြောင်းကြားခဲ့သည်။
ဖူးခတ်မြို့တော်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးများသည် သေဆုံးသူ၏ အလောင်းကို ခွဲစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဆရာဝန်များနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး မတော်တဆမှုဖြစ်ပွားရာနေရာကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးရမှုကိုလည်း ဖူးခက်မြို့တော်ရဲတပ်ဖွဲ့မှူး ချတ္ထရီ ချူကောရ်ထံ တင်ပြ အသိပေးထားသည်ဟု သိရသည်။
Ref, Phuket News
