၂.၉.၂၀၂၅
Translated by Htwe Ko Tun
ဆူဒန်နိုင်ငံအနောက်ပိုင်း တောင်ထူထပ်သော မာရာနယ်မြေအတွင်း သြဂုတ်လ ၃၁ ရက်က မြေပြိုမှု တစ်ရပ်ဖြစ်ပွားခဲ့ရာမှာ နယ်မြေအတွင်းရှိ တာရာဆင် ဆိုတဲ့ရွာလေးမှာ လုံးဝပျက်စီးသွားခဲ့ပြီး အနည်းဆုံး လူတစ်ထောင်သေဆုံးကာ ရွာသားတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဆူဒန်လွတ် မြောက်ရေးတပ်ဦးက စက်တင်ဘာလ ၁ ရက်မှာ ပြောခဲ့ပါတယ်။

ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက်မှာ ခုလို မြေပြိုမှုဖြစ်ခဲ့ရတာလို့လည်း အဗ္ဗဒယ်လ် ဝါဟစ် မိုဟာမက် နို ခေါင်းဆောင်တဲ့ ဆူဒန်လွတ်မြောက်ရေးတပ်ဦးအဖွဲ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။
လွတ်မြောက်ရေးတပ်ဦးက ဆူဒန်နိုင်ငံအတွင်း ဒါဖာဒေသတစ်ခုလုံးကို ထိန်းချုပ်အခြေစိုက်ထားပါတယ်။ ဒီအုပ်စုက အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် မြေပြိုမှုမှာ သေဆုံးရသူတွေရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ဖို့ ကူညီပေးရန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အထောက်အပံ့ပေးရေးအဖွဲ့တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

ရွာလေးကတော့ မြေပြိုမှုကြောင့် မြေပေါ်မှာပြားပြားဝပ်ပျက်စီးခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဆူဒန်တပ်မတော်နဲ့ လက်နက်ကိုင်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့အကြား ဒါဖာဒေသမြောက် ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနေလို့ ဒေသခံတွေဟာ စစ်ဘေးရှောင်ထွက်ပြေးလာကြပြီး မာရာတောင်တန်းဒေသမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအထောက်အပံ့လုံလောက်မှုမရှိဘဲ ခိုလှုံနေကြရတာပါ။
ဆူဒန်နိုင်ငံအတွင်း နှစ်နစ်ခန့်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့် လူဦးရေရဲ့ထက်ဝက်ကျော်ခန့်ဟာ အစားအစာငတ်မွတ်ပြတ်လပ်မှု အကျပ်အတည်းကို ရင်ဆိုင်နေရပြီး တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ဒါဖာ ပြည်နယ်မြို့တော် အယ်လ်ဖာရှားမြို့ကနေ ပြည်သူသန်းပေါင်းများစွာဟာ သူတို့အိမ်တွေက စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။
Ref- CNN
