၃၀.၈.၂၀၂၅
Written By Thandar
ပရိသတ်တွေက ချစ်မြတ်နိုးစွာနဲ့ Nick Name အမည်လေး ငယ်ဇင်လို့ သတ်မှတ်ထားကြတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ စုံတွဲလေးက ဒီနေ့မှာ နှစ်ဦးသား ချစ်ခင်စုံမက်နေတာ ဝန်ခံလာတာ တွေ့ရပြီး ဒီအပေါ်မှာ ဟန်းနီးမွန်းထွက်မှဘဲ လိုက်နှောင့်ယှက်တော့မယ်လို့ အကယ်ဒမီ စိုးမြတ်သူဇာက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
“ကိုင်း သူတို ဟန်းနီးမွန်းထွက်မှဘဲ လိုက်နှောင့်ယှက်တော့မယ်…အသွင်တူတဲ့ လိုက်ဖက်တဲ့ အတွဲလေး ဒီအမကြီးစိတ်မှာအထူးကျေနပ် ပီတိဖြစ်ရပါတယ်”လို့ အကယ်ဒမီ စိုးမြတ်သူဇာကလည်း အားပေးစကား ပြောထားပါတယ်။
ပရိသတ်တွေဖြစ်စေချင် မြင်စေချင်တဲ့အတိုင်း စုံတွဲအဖြစ်မြင်တွေ့ရတော့မယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းကို တစ်ချိန်က အင်တာဗျူုးဖြေခဲ့ပါတယ်။
“မကြီးကို မခေါ်ဘူးတဲ့ လုပ်ဦး”လို့ အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကလည်း ပရိသတ်သိအောင် ပြောလာပါတယ်။
သရုပ်ဆောင် ဟိန်းဝေယံနဲ့ အကယ်ဒမီ စိုးပြည့်သဇင်တို့ကို ပရိသတ်ချစ်ချစ်ခင်ပြီး Ship ပေးထားသလိုလေး မကြာခင်စုံတွဲလေးအနေနဲ့မြင်တွေ့ရမှာမို့ ယခုနှစ်အတွင်းမှာ တောင်းရမ်းပြီး မင်္ဂလာပွဲကို ကျင်းပမယ်လို့လည်း သိရပါတယ်။
