၂၇. ၈. ၂၀၂၅
Written by Thettant
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရဲ့ ဟွေ့ခရိုင်းကျေးရွာအနီးမှာ ရပ်ထားတဲ့ ပစ်ကပ်ကားတစ်စီးထဲကနေ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၁,၆၀၀,၀၀၀) ပြား ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို အိတ် ၈ လုံးနဲ့ ထုပ်ပိုးပြီး ကားနောက်ခန်းမှာ ဝှက်ထားတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် မနို့ပ်ဆေနာကူန်နဲ့ မယ်ဆိုင်မြို့နယ် ရဲမှူးကြီး ထက်နစ်ဂျန်ဆီတို့ရဲ့ ညွှန်ကြားချက်အရ မူးယစ်ဆေးဝါး တင်သွင်းမှုတွေကို လိုက်လံစုံစမ်းခဲ့ရာ၊ ဩဂုတ်လ ၂၂ ရက်နေ့၊ ည ၉ နာရီခန့်မှာ မယ်ဆိုင်မြို့နယ်၊ ဟွေ့ခရိုင်းကျေးရွာအနီး ဖာဟွန်ယိုးထင်းလမ်းမပေါ်မှာ သံသယဖြစ်ဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် မယ်ဆိုင်မြို့နယ်ရဲစခန်းက စုံစမ်းရေးအဖွဲ့ဟာ ကားကိုရှာဖွေခဲ့ပြီး ကားထဲမှာ ရှိနေတဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဖမ်းဆီးခဲ့ပါတယ်။ ကားနောက်ခန်းကို စစ်ဆေးတဲ့အခါမှာ အိတ် ၈ လုံးထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား (၁,၆၀၀,၀၀၀) ပြားကို သိမ်းဆည်းရမိခဲ့တာပါ။
တရားခံရဲ့ ထွက်ဆိုချက်အရ သူဟာ ဒီမူးယစ်ဆေးတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက် ငှားရမ်းခြင်းခံထားရတာဖြစ်ပြီး လက်ခံရယူတဲ့သူထံ ဆက်လက်ပို့ဆောင်ပေးဖို့ တာဝန်ယူထားသူဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တရားခံ၊ မူးယစ်ဆေးဝါးတွေနဲ့ ကားတို့ကို မယ်ဆိုင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Ref, Maesaipress

