၂၇.၈.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာရရှိလာတဲ့ သရုပ်ဆောင် စနိုးကြည်ဖြူကတော့ Crime Drama ဇာတ်လမ်းပုံစံ “ပျောက်ဆုံးခြင်း၏ နောက်ကွယ်” ဇာတ်လမ်းတွဲမှာ ပိုးအိကာရိုက်တာက ဘဝအတွက်အမှတ်တရ Challenge တွေနဲ့အတူ ရင်ထဲမှာတစ်စို့စို့ကြီးနဲ့ သနားစရာကောင်မလေးနေရာ မြင်တွေ့ရမှာပါလို့ ရင်ဖွင့်လာပါတယ်။
“ဒီဇာတ်ကားမှာ ကိုထွန်းထွန်းရဲ့ ညီမလေး ပိုးအိ@မီးလေးဆိုတဲ့ ပါဝင်အားဖြည့်ထားပါတယ်။ ကိုထွန်းထွန်းရဲ့ True Story လည်းဖြစ်လို့ နည်းနည်း တာဝန်ပိုကြီးသလိုခံစားရပါတယ်။ သရုပ်ဆောင်ချိန်မှာ ပိုးအိဆိုတဲ့ ကောင်မလေးနေရာကမို့ သူသာဆိုရင်စိတ်နဲ့လုပ်ခဲ့တာမို့ သနားတဲ့စိတ်ဝင်မိတယ်။ တစ်ယောက်တည်း ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတဲ့ မီးလေးကာရိုက်တာကို ပိုသနားမိခဲ့တယ်။ ရင်ထဲမှာ ကိုယ်တိုင်တောင် တစ်စို့စို့ဖြစ်ခဲ့ရတယ်။ စနိုးရဲ့ ပထမဆုံးခရီးထွက်ပြီး ရိုက်ကူးခဲ့တဲ့ကားမို့ တစ်ကားလုံး ဒဏ်ရာဒဏ်ချက်တွေများခဲ့ပါတယ်။ စနိုးဘဝရဲ့ အကြီးမားဆုံး Challenge ကတော့ ဆိုင်ကယ်၊ စက်ဘီး တစ်ခါမှ မစီးတတ်တဲ့သူဆိုတော့လေ။ ဒီရောက်မှ သူများဆိုင်ကယ်နောက်က ထိုင်ဖူးတယ်။ တောင်ပေါ်ကနေ ဆိုင်ကယ်မောင်းဆင်းရတဲ့ ဇာတ်ဝင်ခန်းဆိုရင် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မောင်းခဲ့ရတာပါ။ ဒဏ်ရာတွေရခဲ့တာပေါ့။ ဆိုင်ကယ်မောင်းရင်း ကားကိုဝင်တိုက်မိလို့ လျော်ပေးခဲ့ရတယ်။ ဘဝအမှတ်တရတွေ၊ ဘဝ Challenge များတဲ့ ဇာတ်ကားပါပဲ”လို့ သရုပ်ဆောင် စနိုးကြည်ဖြူက ပြောပါတယ်။
သူမကတော့ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီထွန်းထွန်း၊ ခြူးလေး နေထွဋ်မင်းခေါင်၊ စူးရှ၊ ပေါက်စီစတဲ့သူတွေနဲ့အတူ ဒီဇာတ်ကားရိုက်ကူးခဲ့ကာ အပိုင်း ၁၀ ပိုင်းစာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
မကြာခင်မှာတော့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းပုံစံ “ပျောက်ဆုံးခြင်း၏ နောက်ကွယ်”ဇာတ်လမ်းတွဲက HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့က ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#စနိုးကြည်ဖြူ #AungChanLu #TunTun #ChueLay #SnowKyiPhyu
#HEYPlay #HEYPlayနဲ့ကြည့်မယ် #အားလုံးကြည့်နိုင်ပြီ HEYPlayVIP # ပျောက်ဆုံးခြင်း၏နောက်ကွယ်





