
၂၅.၈.၂၀၂၅
Translated by Htwe Ko Tun
ပြင်းထန်လှသော လေပြင်းများ၊ သည်းထန်လှသော မိုးရွာသွန်းမှုများနှင့်အတူ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းအနီးမှဖြတ်သန်းလာသော တိုင်ဖွန်း ကာဂျီကီက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းရိုးတန်းကို ဗင့်မြို(Vinh) အနီးမှဖြတ်သန်းလျက် ယနေ့ ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ကုန်းတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
တိုင်ဖွန်း ကာဂျီကီက ကုန်းတွင်းဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ မိုင်နှုန်း အထိရှိကာ ဟိုင်နန်ကျွန်းတောင်ပိုင်းဒေသများတွင် မိုးရေချိန် ၁၀ လက်မမှ ၁၄ လက်မ အထိ ရှိကြောင်းလည်း မိုးလေဝသ ထုတ်ပြန်ချက်များက ဖော်ပြခဲ့သည်။
တိုင်ဖွန်း ကာဂျီကီက ကမ်းသိုချဉ်းကပ်လာချိန်တွင် ၎င်းနှင့်အတူ အမြင့်ပေ ၃၀ ခန့်ရှိသော လှိုင်း လုံးကြီးများကပါ ကမ်းသို ရိုက်ခတ်လာခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အာဏာပိုင်များကလည်း ကမ်းရိုးတန်းပြည်နယ်များမှ ပြည်သူ ခုနစ်သိန်းနီးပါးကို ဘေးလွတ်ရာသို ရွှေ့ပြောင်းပေးမှု အတွက် အမိန့်ထုတ်ထားခဲ့သည်။

တိုင်ဖွန်း ကာဂျီကီက အနောက်ဘက်သို ဆက်လက်ရွေ့လျားကာ ဩဂုတ်လ ၂၆ ရက် မွန်းတည့် ချိန်ခန့်တွင် လာအိုနိုင်ငံအတွင်း ဆက်လက်ဝင်ရောက်ကာ အားကောင်းသော အပူပိုင်းမုန်တိုင်း အဖြစ် အားလျော့သွားမည်ဖြစ်သည်။ ဩဂုတ်လ ၂၇ ရက်တွင် မုန်တိုင်းအကြွင်းအကျန်များက ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဆက်လက် ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားမည်ဟု မိုးလေဝသ ခန့်မှန်းချက်များက ဖော်ပြခဲ့သည်။
တိုင်ဖွန်းကြောင့် ဗီယက်နမ်ကမ်းခြေတွင် ရေယာဉ်များ ပင်လယ်ပြင်သို့ မထွက်ကြရန် သတိပေးထားပြီး နိုင်ငံအလယ်ပိုင်းမြို့ကြီးများသို့ လေကြောင်းခရီးစဉ် ၂၂ ခုကိုလည်း ဖျက်သိမ်း ထားရသည်။ တိုင်ဖွန်းကြောင့် နိုင်ငံမြောက်ဘက်အလယ်ပိုင်းတွင် စပါးစိုက်ခင်း ဟက်တာ ၃၀၀,၀၀၀၊ သီးနှံစိုက်ခင်း ဟက်တာ ၇၇,၀၀၀၊ နှင့် ရော်ဘာစိုက်ခင်း ၅၇,၀၀၀ တို့မှာ ထိခိုက် ပျက်စီးနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
Ref-Yahoo
