
၂၁.၈၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအစိုးရက နျူကလီးယားထိပ်ဖူးတွေအမျိုးမျိုး သယ်ဆောင်နိုင်တဲ့ တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည် Agni-5 ကို အိန္ဒိယအနေနဲ့ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ဩဂုတ်လ ၂၀ ရက်က ပြောခဲ့တယ်လို့ သိရပါတယ်။
ဒေသခံသတင်းတွေအရ အဆိုပါတာလတ်ပစ်ဒုံးကျည်က ကီလိုမီတာ ၇၀၀ မှ ၉၀၀ ကီလိုမီတာ (မိုင် ၄၃၀ မှ ၄၅၀) အထိ ပစ်ခတ်နိုင်တယ်လို့ဖော်ပြခဲ့ကြပါတယ်။
ခုလို စမ်းသပ်ပစ်လွှတ်အောင်မြင်မှုက ရုရှားရေနံတွေ ဝယ်ယူတဲ့အတွက် ဩဂုတ်လ ၂၇ ရက်ကစပြီး အိန္ဒိယနိုင်ငံကို ကုန်သွယ်စည်းကြပ်ခွန် စုစုပေါင်း ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိတိုးမြှင့်ကောက်ခံတော့မယ့် အမေရိကန်ရဲ့ဆုံးဖြတ်ချက် စတင်အကျိုးမသက်ရောက်မီ ကြိုတင်ထွက်ပေါ်လာတာပါပဲ။
ဇူလိုင်လအတွင်းမှာတော့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ခုလို စည်းကြပ်ခွန်အသစ်တွေ ကောက်ယူလာမှုက အိန္ဒိယနိုင်ငံအဖို့ ကာကွယ်ရေးမှာလည်းကိုယ့်ကိုယ်ကိုယ် အားကိုးဖို့လိုပြီဆိုတာ ပြတာပဲလို့ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ စစ်ဘက်အရာရှိတွေက Agni-5 တာလတ်ပစ်ဒုံးကျည်ဟာ စစ်ဆင်ရေးပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာသတ်မှတ်ချက်အားလုံးနဲ့ ခိုင်လုံညီညွတ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။
Agni-5 တာလတ်ပစ်ဒုံးကျည်က အိမ်နီးချင်း ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့ကို ရောက်ရှိပစ်လွှတ် နိုင်မှာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ် ရှရစ်ဖ်က သူ့နိုင်ငံအနေနဲ့ သမားရိုးကျစစ်ပွဲမှာ ဒုံးကျည်တိုက်ခိုက်နိုင်စွမ်းတွေကို စောင့်ကြည့်ကြီးကြပ်မယ့်တပ်ဖွဲ့တစ်ခုဖွဲ့စည်းမယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည် Agni-5 ကို စမ်းသပ်ပစ်လွှတ်မှုက လာမယ့်လမှာ သူ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးအတွက် မသွားခင် ကြိုတင်ဆောင်ရွက်တာလို့လည်း ဆိုရမှာပါ။
Ref- Reuters, AFP
