၂၁.၈.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း ကမ်းလွန်ပင်လယ်ရေပြင်ရှိ အမေရိကန်ပြည်ထောင်စုရေတပ်မှ ကရူဇာစစ်သင်္ဘော USS New Orleans မှာ ၁၂ နာရီကြာမီးလောင်မှုဖြစ်ခဲ့ပြီးနောက် ဩဂုတ် ၂၁ ရက် နံနက်အစောပိုင်းကမူ မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ သင်္ဘောသားနှစ်ဦးမှာ အသေးအမွှားဒဏ်ရာများရရှိ ခဲ့ပြီးနောက်ကုသမှု ခံယူနေကြောင်းသတင်းများအရ သိရသည်။
USS New Orleans စစ်သင်္ဘောပေါ်တွင် မီးက ဩဂုတ်လ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၄.နာရီတွင် စတင်လောင်ကျွမ်းခဲ့ပြီး ၆၈၄ ပေရှည်သော ကုန်းရေနှစ်သွယ်သွားစစ်သင်္ဘော White Beach ရေတပ်အဆောက်အအုံအနီး ကျောက်ချထားစဉ် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခြင်းဟု သိရသည်။
မီးလောင်ကျွမ်းမှု၏အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အမေရိကန်ရေတပ်၏ အမှတ် (၇) ရေတပ် စစ်သင်္ဘောအုပ်စု၏ကြေညာချက်က ဖော်ပြခဲ့သည်။
သင်္ဘောပေါ်တွင် လိုက်ပါလာသောသင်္ဘောသား ၃၆၀ ကျော်မှာ မီးကိုကြိုးစားငြှိမ်းသတ်ခဲ့ကြရာတွင် အနီးရှိ အမေရိကန်စစ်သင်္ဘော USS San Diego ပေါ်ရှိသင်္ဘောသားများနှင့် ဂျပန်လက်နက်ကိုင်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့က ဝိုင်းဝန်းကူညီခဲ့ကြသည်။
USS New Orleans စစ်သင်္ဘောကို ၂၀၀၇ ခုနှစ်တွင် စတင်တပ်တော်ဝင်ခဲ့ပြီး သင်္ဘောသား ၈၀၀ ထိ တင်ဆောင်နိုင်ကာ သင်္ဘောသားများမှာ သင်္ဘောပေါ်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြလိမ့်မည်ဟု အမေရိကန်ရေတပ်ကကြေညာခဲ့သည်။
Ref- NBC News


