၁၅.၈.၂၀၂၅
Written By Thandar
မြန်မာအသံနဲ့ ရုပ်မြင်သံကြားတို့က ရိုက်ကူးတင်ဆက်မယ့် “ငါးရာငါးဆယ်ဇာတ်တော်” ကောက်နုတ်ချက်ဇာတ်လမ်းတွေကို နာမည်ကြီးအနုပညာရှင်တွေနဲ့ ရိုက်ကူးသွားမယ့် ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံ (Studio-A)မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်ကိုယ်တိုင်မစဉ်းစားမိတဲ့ ငါးရာငါးဆယ်ဇာတ်တော်ကို ရိုက်ဖို့ စိတ်ကူးကို တော်တော်လေးကို လေးစားမိပါတယ်။ ၅၄၇ ဇာတ်ပဲ ရှိတယ်လို့ ထင်ခဲ့ကြတယ်။ အရှေ့ဖက်လိတ် အနောက်ဖက်လိတ်မှာ ငါးရာငါးဆယ်အထိရှိခဲ့တာ သိခဲ့ပါတယ်။ ကျွန်တော်တို့ ပေါ့ရွှတ်ရွှတ်ဇာတ်တွေဖန်တီးကြတယ်ထင်ခံရတယ်။ မောင်နန်းဝင်းတို့ ဖော်ထုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ အကယ်ဒမီများရှင်ဆရာ (စကားလုံး) ငြိမ်းမင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ အကယ်ဒမီများရှင်ဆရာ (စကားလုံး)ငြိမ်းမင်းက အဖွင့်အမှာ မုဒိတာစကားပြောကြားပေးပြီး သရုပ်ဆောင်အောင်ရေချမ်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌဦးကြည်စိုးထွန်း၊ မီဒီယာများရဲ့ကိုယ်စား ဦးမြတ်ခိုင်တို့က ကိုယ်စားကျေးဇူးတင်စကား ပြောဆိုခဲ့ကြပါတယ်။
အပိုင်း (၂၀) စာကို နန်းဝင်းရေးသားပူဇော်ပြီး ဒါရိုက်တာဦးနန်းဝင်းက ရန်ကုန်မြို့ Indoor Area မှာ လာမယ့် ဩဂုတ်လ ၂၅ ရက်မှာ စတင် ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီအေးချမ်းမောင်၊ အောင်ရေချမ်း၊ ကိုကိုကျော် (ရွှေကြို)၊ အကယ်ဒမီခြူးလေး၊ စုလှိုင်နှင်း၊ ယွန်းဝင့်လွှာအောင်၊ ရွှေနန်းသဘင်အနုပညာရှင်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။
#AungYayChan #AyeChanMg #UNanWin #ChueLay #SuHlaingHnin
#၅၅၀ဇာတ်တော်ကြီးကောက်နှုတ်ချက်ဇာတ်လမ်းများ













