◾ အုမ္မသီးလမ်းခွဲကျေးရွာ ဒေသခံများလည်း ဝမ်းရောဂါ ကူးစက်ခံနေရ





၁၀. ၈ ၂၀၂၅
Written by Nay Moe
TNLA သိမ်းပိုက်ဖျက်ဆီးလိုက်သော နောင်ချိုမြို့နယ်ရှိ အုမ္မသီးလမ်းခွဲကျေးရွာ ပြာကျပျက်စီးသွားသလို ခေတ္တခိုလှုံနေကြရသည့် ခမ်းချိုကျောင်းလည်း ပျက်စီးမှုပြုပြင်ရန် လိုအပ်နေသဖြင့် အကူအညီတောင်းခံထားသည်။
“ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲကျေးရွာသည် ၁၀၂၇ မှစ၍ လက်နက်ကိုင် TNLA အဖွဲ့အစည်း၏ ပလောင်ပြည်နယ် ထူထောင်ရေး၊ PDF အဖွဲ့အစည်း၏ စစ်အစိုးရတော်လှန်ရေး ဟူသော ခေါင်းစဉ်ဖြင့် ဗမာ့တပ်မတော်နှင့် တိုက်ပွဲဖော်ဆောင်ခဲ့ရာ ဓားစာခံအဖြစ် တစ်ရွာလုံး ယူကျုံးမရ၍ ပြာကျပျက်စီးဆုံးရှုံးခဲ့သည်။ တစ်ချို့သောရွာသူ/သားများသည် မြို့ကြီးသို့ ပြောင်းရွှေ့စစ်ဘေးရှောင်ခဲ့သော်လည်း အခက်အခဲရှိသော သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များသည် ကျေးရွာဝန်းကျင်ရှိ လယ်တဲထဲသို့ ပြောင်းရွှေ့နေထိုင်ရပြီး၊ ကျေးရွာအတွင်း၌ ရှင်းလင်းရေးမလုပ်ရသေး၍ ဝင်ရောက်နေထိုင်ရန်မသင့်လျှော်၊ မိုးတွင်းဖြစ်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူများလာကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ စစ်ဘေးရှောင်များ ခေတ်တခဏ မိုးလုံယင်လုံတည်းခိုနိုင်ရန် တိုက်ပွဲကြောင့် ပျက်စီးသွားသော ခမ်းချိုကျောင်းကို ပြန်လည်အကြမ်းပြုပြင်မှာ ဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ ဂရုဏာရှင်များ မေတ္တာရှေ့ထား၍ အောက်ဖော်ပြပါဆက်သွယ်ရန် ပုဂ္ဂိုလ်များထံ နည်းများမဆို ပူးပေါင်းပါဝင် ကူညီပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။”ဟု ဖော်ပြထားသည်။
လှူဒါန်းလိုသူများအနေဖြင့် ဆရာတော် AShin Thu Nanda (Kpay – 09255595556) နှင့် Daw Kham Ngwe (Kpay – 09978654505) တို့ထံ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

သာသနာ့နယ်မြေအဖြစ် ပြည်သူများက သိန်းထောင်ချီအကုန်ံ လှူဒါန်းထားသော နောင်ချိုမြို့နယ်၊ အုမ္မသီးရွာလမ်းခွဲရှိ ခမ်းချို ဘုန်းတော်ကြီးကျောင်းကို TNLA နှင့် PDF တို့က တပ်စွဲထားကာ လူပစ်သတ်မှုလည်း ကျုးလွန်ထားသဖြင့် သံဃာတော်များနှင့် စစ်ဘေးရှောင်များ တိမ်းရှောင်နေရသည်ဟု ခမ်းချိုဘုန်းတော်ကြီးကျောင်းက လူမှုကွန်ရက်တွင် အသိပေးထားပြီး အဆိုပါ ခမ်းချိုကျောင်းသည် အကျယ်အဝန်း ၄ ဒသမ ၇၅ ဧကရှိကာ သာသနိက အဆောက်အဦ ကာလတန်ဖိုးသိန်းထောင်ချီတန်ကြေးရှိကာ အုမ္မသီးရွာမှ ရွှေသိင်္ဂီစားသောက်ဆိုင်နှင့် အလှူရှင်များက မ,တည် လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် TNLA တိုက်ခိုက်ဖျက်ဆီးလိုက်သော အုမ္မသီးကျေးရွာနှင့် ခမ်းချိုကျောင်းကို တပ်မတော်က ပြန်လည်တည်ဆောက်မှုနှင့် သန့်ရှင်းရေးကို တပ်မတော်က ကူညီဆောင်ရွက်ပေးနေသည်။
ထိုသို့ အများပြည်သူ လှူဒါန်းထားသော ခမ်းချိုကျောင်းကို စခန်းချ ဖျက်ဆီးသော၊ သက်တမ်း ၅၂ နှစ်ကျော် ရပ်တည်နေသော အုမ္မသီးရွာကို ဖျက်ဆီးသော TNLA အဖွဲ့အစည်းအနေဖြင့် ဆွေခုနစ်ဆက်မျိုးခုနစ်ဆက်တိုင် ကျရှုံးပျက်စီးပါစေဟုလည်း ခမ်းချိုကျောင်း Admin က ပို့စ်ရေးသားထားသည်။

