
၁၀. ၈. ၂၀၂၅
Translated by Thettant
နယ်စပ်ပဋိပက္ခအတွင်း မြေပြင်တိုက်ခိုက်ရေးတပ်များကို အထောက်အကူပြုနေသည့် ရေတပ်အရာရှိတစ်ဦးဖြစ်သူ ဒုတိယဗိုလ် ပတ္တရာဝတ် ရတ္တနာဝေါင်းသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် လက်နက်ပြင်ဆင်နေစဉ် မတော်တဆမှုတစ်ခုဖြင့် သေဆုံးခဲ့ကြောင်း တော်ဝင်ထိုင်းရေတပ်က အတည်ပြုခဲ့သည်။
အဆိုပါဖြစ်ရပ်အပေါ် ဩဂုတ်လ ၁၀ ရက်နေ့တွင် တော်ဝင်ထိုင်းရေတပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိ သူ ရေတပ်ဗိုလ်ချုပ်ကြီး ပရာချ် ရတ္တနာချိုင်းဖန်က ဒုတိယဗိုလ် ပတ္တရာဝတ် ရတ္တနာဝေါင်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး အွန်လိုင်းတွင် ပျံ့နှံ့နေသည့် သတင်းများနှင့် ဓာတ်ပုံများကို တုံ့ပြန်ပြောကြားရာတွင် ထိုအကြောင်းအရာကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပတ္တရာဝတ် ရတ္တနာဝေါင်းသည် ပူးပေါင်းစစ်ဆင်ရေးတစ်ခုတွင် မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့များကို အထောက်အကူပြုရန် တာဝန်ထမ်းဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
မတော်တဆမှုသည် ၎င်းတို့၏ စခန်းတွင် လက်နက်များ အဆင်သင့်ရှိမှုကို စစ်ဆေးနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
