မြန်မာနိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်တို့မှ ရေတပ်များအပါအဝင် နိုင်ငံ ၂၈ နိုင်ငံမှရေတပ်များ တွေ့ဆုံခဲ့သည့် IFR 2022 ချီတက်စစ်ရေးပြမြင်ကွင်း

၃.၂.၂၀၂၃.
translated by Htwe Ko Tun

ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့က သဘာပတိအဖြစ်ကြီးမှူး၍ ဘန်ကောက်မြို့တွင် ကျင်းပသွားမည့် ဒေသဆိုင်ရာ စစ်ဖက်အစည်းအဝေးသို့ မြန်မာ့တပ်မတော်ကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင်ပင် အမေရိကန်စစ်ဖက်က အတည်ပြုပြောကြားခဲ့ပြီးဖြစ်သည်။

အဆိုပါအစည်းအဝေးကို သဘာပတိများအဖြစ် ထိုင်းနိုင်ငံနှင့် အမေရိကန်တို့ကဆောင်ရွက်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနင့် ရေကြောင်းသွားလာမှု လုံခြုံစိတ်ချရရေး ကျွမ်းကျင်သူများ၏ လုပ်ငန်းအုပ်စု အစည်းအဝေးတို့ဖြင့် ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အထိ ဘန်ကောက်တွင် ကျင်းပသွားမည်ဟု သိရသည်။

သို့ရာတွင် အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒီရက်ချောလက်က ဘန်ကောက်တွင်ကျင်းပမည့် ဒေသဆိုင်ရာစစ်ဖက်အစည်းအဝေးသို့ မြန်မာ့တပ်မတော်ကို ဖိတ်ကြားခြင်းက အမေရိကန်နှင့် မြန်မာအကြား ပြန်လည်စေ့စပ်သင့်မြတ်ခြင်း၏ လက္ခဏာမဟုတ်သေးကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် အာဏာရအစိုးရကကျင်းပသည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ချိန်မှစ၍ အမေရိကန်နှင့်မြန်မာအကြား ဆက်ဆံရေးမှာ အလွန်ဆိုးရွားစွာ ပျက်ပြားခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်က သတင်းထောက်များနှင့် တယ်လီဖုန်းမှ ဆက်သွယ်ရှင်းလင်းပြောကြားရာတွင် ဒီရက်ချောလက်က အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရအား အဖြစ်မှန်နှင့်ကွာဟသည့်ထင်မြင်ချက်များ မဖြစ်စေဘဲ အာဆီယံက ဦးဆောင်ဆောင်ရွက်နေသည့် ယန္တရားများကို အထောက်အကူလည်းဖြစ်စေရန်အတွက် အထူးဂရုစိုက်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။

ထို့ပြင်၎င်းက ဤကဲ့သို့ဖိတ်ကြားမှုက မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ၏ မူဝါဒပြောင်းလဲခြင်းလည်းမဟုတ်သေးကြောင်း ထပ်မံပြောကြားခဲ့သည်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *