၃.၂.၂၀၂၃
Written by Ye Kyaw

MSME လုပ်ငန်းများ စတင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် ချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ဧရာဝတီဘဏ်တို့အကြား ဖေဖော်ဝါရီ ၂ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်စေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေး ပြန်လည်ရှင်သန်လာခြင်းကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုရေးထိုးခဲ့သည့် MoU တွင် နှစ်ဦးနှစ်ဘက် ညှိနှိင်းသဘောတူညီချက်များနှင့်အညီ MSME လုပ်ငန်းများ စတင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် ချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး အပြန်အလှန် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် စသည်တို့ပါဝင်ပါသည်။

ထို့ပြင် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ (Networking) များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခြင်း စသည်များ) ပူးပေါင်းဆောင်ရွက်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *