၉. ၈. ၂၀၂၅
Written by Nay Moe
တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ဒေသအတွင်း ကျားဖြန့်လုပ်ကိုင်သူ ၁၆ ဦးကို နမ့်ခမ်း TNLA ရဲအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဖမ်းဆီးရမိထားသူတွေကို TNLA နမ့်ခမ်းရဲ စခန်းမှူး ဒုဗိုလ်လိုမ်ဂေါင် ဦးဆောင်ပြီး နမ့်ခမ်းမြို့နယ်က နယ်စပ်ဂိတ်တစ်နေရာမှာ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့တာပါ။
ဒီကျားဖြန့်လုပ်ကိုင်သူတွေက ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာမှာ အခြေချလုပ်ကိုင်နေကြပြီး ကွတ်ခိုင် TNLA ရဲတွေက သတင်းလို့ သွားရောက်ဖမ်းဆီးခဲ့တယ်ပြောပါတယ်။
ဖမ်းမိတဲ့ ကျားဖြန့်ရာဇဝတ်တရားခံတွေက တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ကျန်းထန်ဟွေး၊ ကျန်းဟောင်း၊ ကျုံးစုံဆူး၊ ကျုံးနီ၊ ကျုံးအောက်ပေါ်၊ ကျူံးချူံပင်း၊ မာဖမ်း၊ ဝမ်းယာန်ကွင်း၊ ဟူးလေ့ရှမ်း၊ ဝိကျောက်ရွံ့၊ ရိန်းကျိန်းဖျင့်၊ ဝမ်ရှိန်ယဲ၊ ဟော်လျှင်လီ၊ လျံလျောက်၊ ရှီကျိမ်ရွင်နဲ့ လီစေဖျင့်တို့ပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း TNLA က နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့နယ်တွေက ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်တရုတ် ၁၂ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါသေးတယ်။
