၉.၈.၂၀၂၅
Written By Thandar
STP Event Management Team က ဦးစီးကျင်းပတဲ့ မြန်မာ့ပြည်တွင်း ထုတ်ကုန်တွေနဲ့ ကမ္ဘာ့စီးပွား ရေးချိတ်ဆက်မှုကို ဂုဏ်ယူစွာပြသတဲ့ “Pride of Myanmar Products & Global Connection Business Forum” ပွဲကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ်လ ၉ရက် နံနက် ၁၀ နာရီက ရန်ကုန် မြို့ရှိ The Eravati Sule Grand Yangon မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံတကာသံရုံးကြီးများ ပူးပေါင်းပါဝင်တဲ့ Pride of Myanmar Products & Global Connection Business Forum ပွဲကြီးကို သြဂုတ် ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ်။
“ကျွန်မကတော့ STP Event အဓိကခရီးသွားလုပ်ငန်းကိုလုပ်ဆောင်တာပါ။ နှစ်ပေါင်း ၁၃နှစ်ကျော်ပြီ။ တခြားလုပ်ငန်းတွေလည်းလုပ်ပါတယ်။ သံရုံးတွေဘက်က မြန်မာနိုင်ငံအတွက် စီးပွားရေးတွေနိုင်တဲ့ဘက်နေ သူတို့တွေ Supporting လုပ်ပေးချင်တဲ့အတွက်ကြောင့် ဆောင်ရွက်ပေးဖြစ်တာပါ။ ဒီပွဲကြီးမှာ နိုင်ငံတကာက သံရုံးတွေဖြစ်တဲ့ Bangladesh Embassy, Egypt Embassy, Nepal Embassy, Malaysia Embassy တို့ အပြင် နိုင်ငံတကာစီးပွားရေး Association အနေနဲ့ Singapore Association of Myanmar ၊ မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင်အဖွဲ့ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်အသင်းကြီးတွေက ပါဝင်ထားပြီးတော့ စီးပွားရေးနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို သီးသန့်ပြောဆိုသွားမယ့် B2B Meeting တွေလည်းစီစဉ်ပေးထားပါတယ်။ ဒီမှာဆိုရင် မြန်မာ့စီးပွားရေးတိုးတက်ဖို့ Strategy အသစ်၊ Promotion အသစ်၊ Market အသစ်တွေနဲ့ ပြည်တွင်း Company Branding တွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်ချင်တဲ့ လုပ်ငန်းရှင်တွေ ၊ မြန်မာ့စီးပွားရေး တိုးတက် ဖို့ လေ့လာနိုင်တာဖြစ်တဲ့အတွက် Pride of Myanmar Products & Global Connection Business Forum အရောက်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ STP Event Management Team ရဲ့ Managing Director မသင်းသင်းအောင် @ Ms.Lucky က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ မြန်မာ့ရိုးရာအကအလှတွေနဲ့ Htet Arkar Myanmar Music & Performance အဖွဲ့က မင်္ဂလာပါမြန်မာ၊ ပုဂံဆီမီးခွက်ယိမ်းစတာတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ MSME နဲ့ SME လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ Embassy တွေကို မြန်မာ့ STP Event Management Team ကဦးစီးပြီး နိုင်ငံတကာသံရုံးကြီးတွေ ပူးပေါင်းတင်ဆက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက The Union of Myanmar Barmar Ethnic Entrepreneur Association (UMBEEA), Myanmar Cultural Heritage Trust (MCHT), Myanmar Garment Manufacturers Association (MGMA) စတဲ့အသင်းကြီး (၃) သင်းကပါဝင်ထားပါတယ်။
ဒီပြပွဲမှာ မြန်မာပြည်တွင်းထုတ်ကုန်လုပ်ငန်းတွေနဲ့ ပြည်ပကဆက်စပ်မှုရှိတဲ့ လုပ်ငန်းပေါင်း ၆၀ ကျော် က ပါဝင်ပြသခဲ့ကြပြီး နိုင်ငံအသီးသီးက စီးပွားရေးအခွင့်အလမ်းတွေအကြောင်း ဆွေးနွေးပွဲတွေနဲ့အတူ Young Leaders’ Talk Show ၊ “မြန်မာ့သနပ်ခါး” Heritage Campaign အစီအစဉ်၊ မြန်မာ့ပြည်တွင်း ထုတ်ကုန်တွေနဲ့ ပြည်ပဆက်စပ်လုပ်ငန်းတွေထဲက ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံး ပြင်ဆင်ပြသနိုင်သူတွေကို The Best Showcasing Pride of Myanmar Products Award ဆု၊The Best Showcasing Global Connection Award၊ The Most Supporting Media in Business Award များကို ပေးအပ်ခဲ့ကြပါတယ်။
#PrideofMyanmarProducts&GlobalConnectionBusinessForum #MSME #SME #Embassy #Association #မြန်မာ့စီးပွားရေး
















