၃.၂.၂၀၂၃
ရိုက်ကူး၊တင်ဆက်- ဟေမာ

ရင်သွေးငယ်သုံးဦးနဲ့ မိသားစုကို Deli ပိုပြီး ရှာဖွေကျွေးမွေးနေရင်း ဒီဇင်ဘာ ၃၁ ရက်နေ့က မြောက်ဒဂုံမြို့နယ်မှာ ယာဥ်တိုက်ခံရမှုကြောင့် ကွယ်လွန်ခဲ့သူ မဇူလိုင်မိုးမိုးရဲ့ နာရေးနဲ့ မီးသဂြိုလ်တဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂ရက်နေ့ ညနေ ၄ နာရီက မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ် ။

မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းဆုံမီးပွိင့်မှာ မီးနီဖြတ်မောင်းလာတဲ့ ကုန်ကားတစ်စီးက စက်ဘီးနဲ့ Delivery လိုက်လံပို့ဆောင်တဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ မဇူလိူင်မိုးမိုးကို အရှိန်နဲ့ ဖြတ်တိုက်မိခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရတာပါ။

မဇူလိုင်မိုးမိုးဟာ အသက် ၃၉ နှစ်အရွယ်သာရှိသေးပြီး သားသမီး သုံးယောက်ကျန်ရစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် သား၂ ဦးနဲ့ အသက်လေးနှစ်ကျော် သမီးငယ်လေးတစ်ဦးပါ။

မဇူလိူင်မိုးမိုးကို တိုက်ခဲ့တဲ့ ကုန်တင်ယာဥ်မောင်းနဲ့ ကုန်ကားကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News