မာရဝိဇယရုပ်ပွားတော်မြတ်တွင် ဌာပနာထည့်သွင်းပူဇော်နေမှုနှင့် ဌာပနာသည့်ရတနာများ၊ လာရောက်လှုဒါန်းနေမှုများ မြင်ကွင်း

MT News
၃. ၂. ၂၀၂၃

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်ထပ်မံထည့်သွင်းပူဇော်ရန်အတွက် ပြည်သူများက ရွှေနှင့်ကျောက်မျက် နှစ်ပိဿာကျော် လာရောက်လှူဒါန်းထားကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည့် ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး နေပြည်တော်ကောင်စီပြည်ထောင်စုနယ်မြေသို့ ရွှေထည် ၁၀ ကျပ်သား ၁၅ ပဲ ၅ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သား ၂ ပဲ ၃ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော်မွေတော် ၉ ဆူ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရွှေထည် ၂၉ ကျပ်သား ၁၅ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၇ ကျပ် ၁ ပဲ ၁ ရွေး၊ ပုလဲ၊ ပလက်တီနမ်နှင့် ကျောက်မျိုးစုံ၊ ငွေနှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များ၊ အလှူငွေကျပ် ၁၀၃၀၀၀၀ နှင့် မန္တလေးတိုင်းဒေသကြီး၌ ရွှေထည် ၂၇ ကျပ်သား ၉ ပဲ ၅ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၁ ကျပ်သား ၁ ပဲ ၁ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ အလှူငွေကျပ် ၁၇၄၅၀၀၀ တို့ကို လာရောက်လှူဒါန်းကြသည်ဟု သိရသည်။

ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၂၈ ကျပ် ၁ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၅၇ ကျပ်သား ၈ ပဲ ၄ ရွေး၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော်မွေတော်များနှင့် ဆင်းတုတော်များ၊ အလှူငွေကျပ် ၁၂၂၄၂၂၀၀၀ တို့ကို ဌာပနာသွင်းလှူပူဇော်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်လှုဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ (က) ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀၊ (ခ) ဒုတိယဗိုလ်မှူးကြီး အောင်ကို ၀၉-၂၅၉၀၉၉၈၉၉၊ (ဂ) ဗိုလ်မှူးချုပ် ကျော်စိုးဦး ၀၉-၃၉၁၀၀၅၄၇ နေပြည်တော်၊ (ဃ) ဗိုလ်မှူးချုပ် မြတ်သူစိုး ၀၉-၃၉၁၀၀၉၃၂ မြစ်ကြီးနား၊ (င) ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၀၉-၃၉၁၀၃၉၇၅ လားရှိုး၊ (စ) ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၀၉-၃၉၁၀၃၂၆၆ တောင်ကြီး၊ (ဆ) ဗိုလ်မှူးချုပ် သန်းထွန်းအောင် ၀၉-၃၉၁၀၃၄၈၂ ခိုလမ်၊ (ဇ) ဗိုလ်မှူးချုပ် ကျော်ထက် ၀၉-၃၉၁၀၄၀၉၅ ကျိုင်းတုံ ၊(ဈ) ဗိုလ်မှူးချုပ် ကျော်သူရအေး ၀၉-၃၉၁၀၁၅၄၁ မော်လမြိုင်၊ (ည) ဗိုလ်မှူးချုပ် သစ်လွင်ထူး ၀၉-၃၉၁၀၀၇၈၇ မြိတ်၊ (ဋ) ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ၀၉-၃၉၁၀၃၂၈၃ ရန်ကုန်၊ (ဌ) ဦးမင်းမင်းထွန်း ၀၉-၄၂၂၅၁၁၈၈၈ ရန်ကုန်၊ (ဍ) ဦးသက်နိုင် ၀၉-၆၉၃၀၁၉၄၉၅ ရန်ကုန်၊ (ဎ) ဗိုလ်မှူးချုပ် အောင်ခင်ဇော် ၀၉-၃၉၁၀၀၃၄၈ ပုသိမ်၊ (ဏ) ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၀၉-၃၉၁၀၃၂၂၄ အမ်း၊ (တ) ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၀၉-၃၉၁၀၀၃၄၅ မုံရွာ၊ (ထ) ဗိုလ်မှူးကြီး အောင်လွင် ၀၉-၃၉၁၀၁၇၄၈ မန္တလေး၊ (ဒ) ဦးတင်မောင်စိုး ၀၉-၂၅၀၈၆၂၁၅၈ မန္တလေး၊ (ဓ) ဦးစိုးဟိန်းနောင် ၀၉-၆၉၅၀၀၈၆၈၀ မန္တလေး၊ (န) ဗိုလ်မှူးချုပ် အောင်ခိုင်ချို ၀၉-၃၉၁၀၀၆၃၂ တောင်ငူ စသည်ပုဂ္ဂိုလ်များသို့ နယ်မြေဒေသအလိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *