၂. ၂. ၂၀၂၃

Written by Naing Thuta

ပုသိမ်ကြီးမြို့နယ်ရှိ လမ်းဘေးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားအလောင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၂၀ လမ်းနှင့် ရွာရှည်လမ်းကြားတွင် အမည်မသိလူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“တာဝန်သိပြည်သူတစ်ယောက်က လမ်းဘေးမှာ လူတစ်ယောက်သေနေတယ်လို့ ဖုန်းဆက်အကြောင်းကြားလို့ သိရပြီးတော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီး ဆေးရုံကြီးကို ပို့ခဲ့တယ်။ အလောင်းက ညကတည်းက သေနေပုံပေါက်တယ်”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *