MT News

Written By Thi Ha

အလုံမြို့နယ် ဆင်မင်းစျေးမှတ်တိုင်အနီးတွင် YBS ၈၉ ယာဥ်က အဖွားအိုတစ်ဦးအားဝင်တိုက်ပြီး ပေါင်နှစ်ဖက်ကိုကြိတ်မိ၍ ကားအောက်တွင်ညှပ်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့မှု ယမန်​နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အဘွား ဒေါ်ဒိုးကြည်( ၈၀ ) နှစ် မုဒိတာ ၂ ရပ်ကွက် သမိုင်းမြို့နယ်တွင် နေထိုင်သူသည် မှတ်တိုင်တွင်ရပ်သည့် YBS 89 ယာဥ်၏အရှေ့ဘက် ယာဥ်မောင်းမျက်ကွယ်မှအဖြတ်တွင် ကားအထွက်နှင့် တိုက်ဆိုင်တိုးမိရာမှ ချော်လဲပြီး ရှေ့ဘီးနှင့် ပေါင်နှစ်ဖက်စလုံးအား ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း အဖြစ်အပျက်ကို မျက်မြင်တွေ့သူ အနီးအနားရှိသူများပြောပြချက်အရ သိရသည်ဟု ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ MT News သို့ ပြောသည်။

“အဘွားက သတိလွတ်တစ်ချက် ရတစ်ချက်ပဲ။ သတိရချိန် သူပြောတာလေးတွေအရ သူ့နေရပ် သူ့နာမည် သိရတယ်။ နောက်ပြီး ကျွန်တော်တို့ ကြီးလေးကြီး အသင်းရုံးကလည်း အဲဒီ ဖြစ်တဲ့နေရာနဲ့ ၁၀ ပေလောက် အကွာအဝေးမှာတင်ရှိတော့ ကားဂိတ်ကလူတွေ ဟိုး ဟိုး လို့ ဝိုင်းအော်ကြတာ ကြားတာနဲ့ ပြေးထွက်ကူညီကြတာပါ။ ယာဥ်မောင်းကို ထိန်းသိမ်းထားဖို့ ​လုပ်ပေမယ့် လူကြားထဲ ရောနှောကိုယ်ယောင်ဖျောက်သွားပါတယ်” ဟု ကြီးလေးကြီးအသင်းတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ အဘွားဒေါ်ဒိုးကြည်မှာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်တင်ပို့ကုသလျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *