၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့မှာ သူငယ်ချင်းစုံတွဲရဲ့ မွေးနေ့ပွဲတက်တဲ့ မြန်မာအမျိုးသမီးကို သတိလစ်နေချိန် အဓမ္မပြုကျင့်ကာ လျှို့ဝှက် ဗီဒီယိုရိုက်ကူးမှုခဲ့တဲ့ အသက် ၄၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဖြစ်စဉ်မှာ ပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးဟာ သူမကို ပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကြာမှ တွေ့ရှိခဲ့ပြီးမှ ဒီမုဒိမ်းမှုကို ဝီချစ်ရဲစခန်းထံ တိုင်ကြားခဲ့တာပါ။
ရဲတပ်ဖွဲ့ပြောကြားချက်အရ တုန်လှုပ်ဖွယ်ရာ ဒီဖြစ်ရပ်ဟာ အခုနှစ်အစောပိုင်းက မွေးနေ့ပါတီတစ်ခုအပြီးမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့မှာနေထိုင်တဲ့ မုဒိမ်းမှု သံသယတရားခံ ယော့ဆဖန်ဝိချတ်ဝါရင်ဝက်ကို ဖူးခက်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လျှောက်ချိန် ဝီချစ်ရဲစခန်းရဲအရာရှိတွေက ဖမ်းဆီးလိုက်ပြီး ဝီချစ်ရဲစခန်းက ရဲမှူးကြီး စွမ်စက် သွမ်ကလီယန် ပြောကြားချက်အရ စုံစမ်းစစ်ဆေးရေးမှူးတွေက နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဖူးခက်ပြည်နယ်တရားရုံးရဲ့ ဖမ်းဝရမ်းအရ ယော့ဆဖန်ကို ဖမ်းခဲ့တာလို့ ဆိုခဲ့ပါတယ်။
ပြစ်မှုကျူးလွန်မှုက ဒီနှစ် မေလက ဖြစ်ပွားခဲ့တာဖြစ်ပြီး မုဒိမ်းတရားခံ ယောဆဖန်နဲ့ သူ့ရဲ့ မြန်မာအမျိုးသမီး ရည်းစားဖြစ်သူတို့ နောက်ထပ်မြန်မာအမျိုးသမီးတစ်ဦး(ပြုကျင့်ခံရသူ) ကို ဖူးခက်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ပြုလုပ်တဲ့ မွေးနေ့ပါတီဆီ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြုကျင့်ခံရသူ မြန်မာအမျိုးသမီးဟာ အဖျော်ယမကာ နှစ်ခွက်သောက်ခဲ့ပြီးနောက် သတိလစ်သွားခဲ့ပြီး မုဒိမ်းကျင့်သူ ယော့ဆဖန်ရဲ့အခန်းမှာ ယော့ဆဖန်ရဲ့ ရည်းစားဖြစ်တဲ့ သူမသူငယ်ချင်း မြန်မာအမျိုးသမီးနဲ့အတူ ပြန်ပြီးနိုးထလာတာကလွဲရင် ဘာတစ်ခုမှ မမှတ်မိခဲ့ဘူးလို့ တိုင်ချက်က ဆိုပါတယ်။
ယော့ဆဖန်ရဲ့ အခန်းမှာ အိပ်ခဲ့ပေမဲ့ သူငယ်ချင်းအမျိုးသမီးနဲ့ အတူရှိခဲ့တာကြောင့် ပြုကျင့်ခံရသူ မြန်မာအမျိုးသမီးဟာ ဘာမှမဖြစ်ခဲ့ဘူးလို့ ယူဆခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်မှာ သူမသူငယ်ချင်းတစ်ဦးက သူမ မွေးနေ့ပွဲည သတိလစ်သွားချိန် ယော့ဆဖန်က လိင်ဆက်ဆံနေတဲ့ ဗီဒီယိုဖိုင်ပေးပို့လာလို့ တုန်လှုပ်ခဲ့ရအပြီးမှာ ဝီချစ်ရဲစခန်းကို တိုင်ကြားခဲ့တာပါ။
ယော့ဆဖန်က မြောက်ပိုင်းပြည်နယ်တစ်ခုကို ထွက်ပြေးသွားပေမဲ့ ဖူးခတ်ကို ပြန်ရောက်လာချိန် ဖမ်းမိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ ပြောကြားချက်အရ စွဲချက်တွေမှာ ခုခံနိုင်စွမ်းမရှိသူကို အဓမ္မပြုကျင့်မှု၊ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သို့မဟုတ် ပြင်ပအဖွဲ့အစည်းအကျိုးအတွက် ရုပ်သံရိုက်ကူးမှုနဲ့ ဗီဒီယိုဖြန့်ဝေမှုတို့ ပါဝင်ပါတယ်။ ယော့ဆဖန်ဟာ မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ကြောင်း ထင်ရှားတဲ့ ဗီဒီယို သက်သေအထောက်အထားတွေရှိနေတဲ့ကြားက စွပ်စွဲချက်တွေကို ဆက်လက် ငြင်းဆိုနေပြီး ဝန်ခံမှုမရှိသေးတဲ့ ယော့ဆဖန်ကို ရဲတပ်ဖွဲ့က ဝီချစ်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပါတယ်။
Ref , The Thaiger
