
၄.၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအများပြည်သူဆက်ဆံရေးဌာနက ဒီနေ့ တနင်္လာနေ့မှာ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်နဲ့ ပြင်သစ်အပါအဝင် ဘာသာစကား ၅ မျိုးနဲ့ သတင်းတစ်ခု ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်မှုမှာ ထိုင်းစစ်တပ်က ဖမ်းဆီးရမိထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး “စစ်သုံ့ပန်းများ” အဖြစ် သတ်မှတ်ကာ ဂျီနီဗာကွန်ဗင်းရှင်းအရ အကာအကွယ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားကတော့ အပစ်အခတ်ရပ်စဲပြီးနောက်မှာ သုံပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ သူ့စစ်သားတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ အများပြည်သူဆက်ဆံရေးဌာနကတော့ “ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်း (Prisoner of War- POWs) အဖြစ် သတ်မှတ်ပါတယ်။ ဒီလိုသတ်မှတ်ခြင်းဟာ အပြစ်ပေးအရေးယူဖို့မဟုတ်ဘဲ နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ အကာအကွယ်ခံပိုင်ခွင့်ကို ထူထောင်ဖို့သာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာ စစ်သုံ့ပန်းများ စောင့်ရှောက်ရေးစံနှုန်းတွေကို လိုက်နာပြီး ဖမ်းဆီးခံထားရသူတွေဟာ လိုအပ်တဲ့ စစ်ဆေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံလောက်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ သင့်လျော်တဲ့ အဝတ်အစားတွေ ရရှိစေဖို့ သေချာစေပါတယ်။ ထိုင်းနိုင်ငံဟာ ကျန်းမာရေးမကောင်းတဲ့ ကမ္ဘောဒီးယားစစ်သား နှစ်ဦးကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးပြီးနောက် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လက်နက်ချခဲ့တဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ ပြီးဆုံးသွားတဲ့အခါမှာ လွှတ်ပေးပြီး မိခင်နိုင်ငံကို ပြန်ပို့ပေးသွားမှာ ဖြစ်ပါတယ်။”လို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
