
MT News
၃. ၈. ၂၀၂၅
တအောင်းလက်နက်ကိုင် TNLA နယ်မြေလုယက်ထိန်းချုပ်ခဲ့မှုကြောင့် ကလေးငယ်များ၏ ပညာရေး တစ်နှစ်ခန့်ပြတ်တောက်သွားခဲ့သော နောင်ချိုမြို့မှ TNLA ၊ DPLA နှင့် MDY PDF တို့ ဇူလိုင် ၁၅ ရက်တွင် အကျအဆုံးများစွာနှင့် ထွက်ပြေးအပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော နောင်ချိုမြို့တွင် ကလေးငယ်ပေါင်း ၃၀၀၀ ခန့် ပညာသင်ကြားနိုင်နေပြီဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ TNLA၊ DPLA နှင့် MDY PDF တို့ကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသော်လည်း ယခု ဇူလိုင်လ ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁ ရက်တွင်လည်း နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၄ ကျောင်း၌ ကျောင်းသား/ ကျောင်းသူ ၃၉၀ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၂၉၅၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အဆိုပါကျောင်းများ၌ တပ်မတော်သားများ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော် ဆယ်တင်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
