၂၉.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကြာရှည်စွာ ထားရှိလာခဲ့တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို သိသိသာသာ အပြောင်းအလဲတွေဖြစ်စေမယ့် အပြိုင်အဆိုင်ပြုလုပ်လာကြတဲ့ အဆိုပြုချက်တွေကို ကြားခဲ့ရပြီလို့ သတင်းတွေကဆိုကြပါတယ်။

ဒီအဆိုပြုချက်တွေရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုတွေကို မဟာဗျူဟာမြောက်ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံသို့ အများအပြားရောက်ရှိနေတာကို လမ်းကြောင်းလွဲစေဖို့ပါပဲ။
မြေရှားသတ္တုဆိုတာက သတ္တု ၁၇ မျိုးလောက်စုပေါင်းပါဝင်တဲ့သတ္တုတစ်မျိုးပါ။ ဒါကို စွမ်းအင်ထုတ်တဲ့ နေရာတွေမှာ သံလိုက်တွေအဖြစ်အသုံးပြုနိုင်ပါတယ်။ ကြီးမားလှတဲ့မြေရှားသတ္တုတွေဆိုရင် တိုက်လေယာဉ်တွေနဲ့ တခြားအဆင့်မြင့်စွမ်းဆောင်နိုင်တဲ့လက်နက်တွေ ထုတ်လုပ်ဖို့အသုံးပြုတာပါ။ အမေရိကန်အနေနဲ့ အလွန်မဆိုစလောက်သော မြေရှားသတ္တုပမာဏသာ ပြည်တွင်းမှာထွက်ရှိပြီး ပြည်ပတင်သွင်းမှုကို မှီခိုနေရတာပါ။

အမေရိကန်အတွက် လိုအပ်တဲ့ သတ္တုထောက်ပံ့မှုတွေ လုံလုံလောက်လောက်ရရှိရေးက ထရမ့်ပ်အစိုးရရဲ့ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုအတွင်း အဓိကအလေးထားတဲ့အချက်ပါ။ ဒါကလည်း ကမ္ဘာလုံးဆိုင်ရာ စီမံဆောင်ရွက်နိုင်မှုစွမ်းရည်ရဲ့ ရာခိုင်နှုန်း ၉၀ နီးပါးရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက ပြောခဲ့ပါတယ်။
မြန်မာ့တပ်မတော်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာက တပ်မတော်ခေါင်းဆောင်တွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေအပြင်၊ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးစုတွေအပေါ် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်အကြမ်းဖက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်လို့ အရင်ကတစ်ဖက်သတ်စွပ်စွဲမှုတွေကို အမေရိကန်က ပြတ်ပြတ်သားသား စွန့်ခွာတော့မှာဖြစ်တယ်လို့လည်း ဆိုရမှာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ ထရမ့်အစိုးရဟာ နစကအစိုးရရဲ့ မိတ်ဖက်ကုမ္ပဏီတချို့ကို ပိတ်ဆို့ မှုပြုထားရာက ပယ်ဖျက်ခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒမှာ ပိုမိုကျယ်ပြန့်တဲ့ အပြောင်းအလဲကို ညွှန်ပြနေတာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရဘက်က မြန်မာအစိုးရအပေါ် ခုလို ဖြေလျှော့လာတာက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က ခြိမ်းခြောက်ထားတဲ့ အခွန် ၄၀ ရာခိုင်နှုန်း ဖြေလျှော့ပေးဖို့၊ နစကအစိုးရနဲ့ မဟာမိတ်တွေအပေါ် ပိတ်ဆို့မှုတွေရုပ်သိမ်းပေးဖို့၊ မြန်မာနိုင်ငံမှတင်ပို့တဲ့ မြေရှားသတ္တုအချို့ကို စီမံဆောင်ရွက်ရေး အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒီ လုပ်ငန်းတွေဆောင်ရွက်ဖို့ ဒီအကြောင်းအရာအပေါ် ရင်းနှီးမှုရှိတဲ့ အထူးသံတမန်အဖွဲ့ စေလွှတ်ဖို့တို့လည်း ပါဝင်ပါတယ်။

အမေရိကန်အစိုးရပိုင်းကို အကြံပြုချက်အချို့ကို အခုအခါ လုံခြုံရေးကုမ္ပဏီတစ်ခုကို တာဝန်ယူ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း အကြီးအကဲဟောင်း Adam Castillo ဇူလိုင်လ ၁၇ ရက်က ဒုတိယသမ္မတ JD Vance ရဲ့ရုံးမှာ တင်ပြ ဆွေးနွေးခဲ့တယ်လို့ Vance ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။ တက်ရောက်သူတွေထဲမှာ အာရှရေးရာနှင့် ကုန်သွယ်မှုဆိုင်ရာ Vance ရဲဘ အကြံပေးပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ Vance ကိုယ်တိုင်တော့ မတက်ရောက်ခဲ့ဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအကျိုးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်တယ်လို အမေရိကန်အရာရှိတွေကို ပြောခဲ့တယ်လို့ Castillo က Reuters သတင်းဌာနကိုပြောခဲ့ပါတယ်။ မြန်မာ့တပ်မတော်နဲ့ KIA တို့အကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်သဘောတူညီချက်ကို အမေရိကန်အစိုးရက အရင်ကြားဝင်ဆောင်ရွက်ပေးနိုင်တာနဲ့အတူ တရုတ်ကမြန်မာနိုင်ငံမှာလှုပ်ရှား ဆောင်ရွက်မှုတွေကနေ စာမျက်နှာတစ်ခုကို ထုတ်ပစ်ဖို့ Castillo က အမေရိကန်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စအပေါ်မြန်မာနစကအစိုးရနဲ့ KIA တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိခဲ့ကြပါဘူး။
ဒုတိယသမ္မတ JD Vance ရဲ့ရုံးကလည်း အိမ်ဖြူတော်ကို Castillo လာရောက်ခဲ့မှုအပေါ် တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှုမရှိပေမယ့်အခြေအနေကို ရင်းနှီးကျွမ်းဝင်သူတစ်ဦးကတော့ ထရမ့်ပ်အစိုးရဟာ မြန်မာအစိုးရအပေါ်မူဝါဒကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒီမှာပထမဆုံးပြောင်းလဲမှုအနေနဲ့ ထရမ့်ပ် အစိုးရက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားပဋိပက္ခတွေနဲ့ ပြည်တွင်းအကျပ်အတည်းတွေမှာ ဝင်ရောက်စွက်ဖက်တာမလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေကို တရုတ်နိုင်ငံရဲ့ ရွှေငန်းအဖြစ်ပြောခဲ့တဲ့ Castillo က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် KIA ဟာ တရုတ်နိုင်ငံရဲ့ အမြတ်ထုတ်မှုအတွက် မြေရှားသတ္တုတူးဖော်ရေးမှာ တရုတ်ကိုခွဲခွာပြီး အမေရိကန်နဲ့ လက်တွဲလိုနေတယ်ဆိုတာ အမေရိကန် အရာရှိတွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ကချင်ဒေသရှိ သတ္တုတွင်းတွေဟာ အကြီးစား မြေရှားသတ္တုတွေ အဓိကထုတ်လုပ်တဲ့နေရာတွေ ဖြစ်ပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါတယ်။
မြန်မာနစက အစိုးရအနေနဲ့လည်း နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်နေပုံရပါတယ်။
ထရမ့်ပ်က မြန်မာမှပို့ကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့မြန်မာခေါင်းဆောင်ထံ စာပို့ခဲ့ပြီးနောက် မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စာတစ်စောင်ပြန်ကြား တုံ့ပြန်ခဲ့ပါတယ်။
စာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထားပြီး ခိုင်မာတဲ့ ခေါင်းဆောင်မှုအတွက် ထရမ့်ပ်ကို ချီးကျူးဂုဏ်ပြုကာ လိုအပ်ပါက ဝါရှင်တန်သို့ ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ရန် အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရအရာရှိတွေကတော့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ ရုပ်သိမ်းတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့တုံ့ပြန်စာနဲ့ မပတ်သက်ပါဘူးလို့ ပြောခဲ့ကြပါတယ်။
ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်အစိုးရအနေနဲ့ ခုလိုဆောင်ရွက်မှုတွေက အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒတွေပြောင်းလဲဖို့ အစပျိုးနေပြီလို့ပဲ ယူဆရမှာပါ။
Ref- Reuters
