၂၉.၇.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံရဲ့ အပန်းဖြေကမ်းခြေမြို့ တစ်မြို့ဖြစ်တဲ့ လက်စ်ဆာဘယ်လ်- ဒီအိုလွန်နီ(Les Sables- d’Olonne) မြို့မှာကမ်းခြေအပန်းဖြေသဲသောင်ကနေ ဒေသအတွင်းဆိုင်တွေကို ရေကူးဝတ်စုံပဲ ဝတ်ထားတဲ့ မိန်းမချောလေးတွေ၊ ရှပ်အင်္ကျီမပါဘဲ ကိုယ်တုံးလုံးဖြစ်နေတဲ့အမျိုးသားတွေက ဒီတိုင်းသွားလာနေကြတာကို မြို့အာဏာပိုင်တွေက လက်မခံဘဲ ဒဏ်ငွေတပ်မယ်လို့ ဇူလိုင်လ ၂၉ ရက်မှာ ကြေညာခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အတ္တလန်တိတ်ကမ်းရိုးတန်း ဗင်ဒီ(Vandee) ကမ်းခြေမှာရှိတဲ့ ဒီမြို့ထဲမှာကမ်းခြေကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေက မြို့ထဲကို မပေါ့်တပေါ်အဝတ်အစားတွေနဲ့ လှည့်လည်သွားလာနေမှုကို ဒေသအာဏာပိုင်တွေက တားမြစ်ခဲ့တာလို့လည်း သိရပါတယ်။
တကယ်လို့ ခရီးသွားတွေအနေနဲ့ မြို့ရဲ့လမ်းတွေထဲ ရေကူးဝတ်စုံသာဝတ်ဆင်ပြီး ဒါမှမဟုတ် ရှပ်အင်္ကျီ မပါဘဲ လှည့်လည် သွားလာနေမယ်ဆိုရင် ဒဏ်ငွေအဖြစ် ယူရိုငွေ ၁၅၀ (၁၇၅ အမေရိကန်ဒေါ်လာ) ဒဏ်ငွေပေးဆောင်ရမယ်။ ဒါက တကယ့်ကို မတော်တရော် အပြုအမူတစ်ရပ်ပဲလို့ မြို့တော်ဝန် ရန်နစ် မိုရူးက လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။
ဒါက မြို့တစ်ဝိုက်မှာ ကိုယ်တုံးလုံးနဲ့ လှည့်လည်သွားလာနေသွားလာနေသူတွေကို မလိုလားဘူးဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ ပြောကြားမှုတွေကို လေးစားတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့လည်း မိုရူးက ပြောခဲ့ပါ တယ်။
အခုလို စည်းကမ်းမရှိတဲ့ ဒါမှမဟုတ် လေးစားမှုမရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလာမှုကို ပြန်လည်တွန်းလှန်ရာမှာ လက်စ် ဆာဘယ်လ်- ဒီအိုလွန်နီတစ်မြို့ထဲရှိတာမဟုတ်ဘူးလို့လည်း ဆိုရမှာပါ။ ပြင်သစ်နိုင်ငံအတွင်း အာခချွန်(Arcachon) အပန်းဖြေစခန်းမြို့နဲ့ လာဂရင်းဒီ-မော့တီ အပန်းဖြေစခန်းမြို့ တို့မှာလည်း သဲသောင်ပြင်ပေါ် သတ်မှတ်ထားတဲ့နေရာတွေကလွဲလို့ မြို့ထဲ အခြားနေရာတွေမှာ ရေကူးဝတ်စုံနဲ့ သွား လာခဲ့ရင် ယူရိုငွေ ၁၅၀ ဒဏ်ငွေပေးဆောင်ရတယ်လို့ သိရပါတယ်။
ဒါ့ပြင် စပိန်နိုင်ငံ မာလာဂါမြို့မှာလည်း ကမ္ဘာလှည့်ခရီးသွားတွေက မြို့တွင်းကို အတွင်းခံ၊ ရေကူးဝတ်စုံ စတာတွေ ဒါမှမဟုတ် ဘာမှမပါဘဲ လမ်းလျှောက်သွားလာခဲ့ရင် ယူရိုငွေ ၇၅၀ (အမေရိကန်ဒေါ်လာ ၈၇၀) ဒဏ်ငွေပေးဆောင်ရမယ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မြို့တော်ဝန် မိုရူးက “ဒီလိုစည်းကမ်းသတ်မှတ်ရတာကလည်း ဒီမြို့မှာနေသူတွေက မိမွေးတိုင်း ဖမွေးတိုင်း နေတတ်ကြတဲ့ လူတွေမဟုတ်ဘူးဆိုတာ ပြဖို့ပဲ” လို့ ပြောခဲ့ပါတယ်။
Ref-New Yok Post



