၁၉.၇.၂၀၂၅
Written by Hey Mar
ဆီအပြည့်တင်လာတဲ့ ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်စဉ် ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ နေ့လယ် နှစ်နာရီကျော် အချိန်ခန့်က
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားခဲ့ကာ ယာဉ်ပေါ်ပါ အမျိုးသား ငါးဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထို လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၉၉ မိုင် ၁ ဖာလုံ)အနီးမှာ (၂၂)ဘီး ဆီဘောက်ဆာယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကာ ဆီယိုစိမ့်နေကြောင်း သတင်းရရှိလို့ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ Foam ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ကျိုက်ထို ပဒုမ္မာ လူမှုကူညီရေးအသင်း၊ ဘားအံ မာဃ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားစဉ်က ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တဲ့ လူနာ အမျိုးသား ၅ ဦးကိုလည်း မာဃ လူမှုကူညီရေး အသင်းက သူနာတင်ယာဉ်နဲ့ ကျိုက်ထိုပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေက မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရပါတယ်။
