၁၉.၇.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ အရှေ့ပိုင်းတွင် ဇူလိုင်လ ၁၆ ရက်မှ စတင်၍ သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့် ပန်ဂျပ်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုဖြစ်ကာ လွန်ခဲ့သည့်ရက်များအတွင်း ကလေးငယ်များအပါအဝင် လူ ၆၃ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး လူ ၃၀၀ နီးပါးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၁၈ ရက်တွင် ပြောခဲ့ကြသည်။
ပါကစ္စတန်နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးပန်ဂျပ်ပြည်နယ်အတွင်း ဇူလိုင်လ ၁၆ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းဖြစ်ရာ ပြည်နယ်အတွင်း မြို့ကြီးများနှင့် ကျေးလက်တောရွာများအထိ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေရသည်။

သေဆုံးမှုအများအပြားက ရေကြီးရာမှအဆောက်အအုံများပြိုလဲကျ၍ဖြစ်ကြောင်း သဘာဝဘေးန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့ကပြောခဲ့သည်။ သေဆုံးသူများတွင် ၂၄ ဦးက ကလေးများဖြစ်ကြကြောင်းလည်း ထိုအဖွဲ့ကပြောခဲ့သည်။
ရာသီဥတုခန့်မှန်းချက်များက လာမည့်ရက်သတ္တပတ်များအတွင်း ပြည်နယ်အတွင်း ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သေးကြောင်းလည်းဖော်ပြခဲ့ကြသည်။ သိပ္ပံပညာရှင်များနှင့်တာဝန်ရှိသူများက ထိုကဲ့သိုသဘာဝဘေးဆိုးများက ရာသီဥတုပြောင်းလဲမှုများနှင့်ဆက်စပ်နေကြောင်း ပြောခဲ့ကြ သည်။
ထိုရေလွှမ်းမိုးမှုက ပါကစ္စတန်နိုင်ငံအတွင်း သဘာဝဘေးကျရောက်မှုများ၌ နောက်အကျဆုံးဖြစ်သည်။ ၂၀၂၂ ခုနှစ် အတွင်းကလည်း နိုင်ငံ၏ သုံးပုံတစ်ပုံကို ရေလွှမ်းမိုးခံခဲ့ရပြီး လူ ၁,၇၀၀ ကျော်သေဆုံးခဲ့ရသေးသည်။
Ref-DW
