၁၈. ၇. ၂၀၂၅
Written by Nay Moe
ကယားလက်နက်ကိုင်တို့၏ ဆေးထောက်ကူ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee (KnMHC) ၏ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ဦးဖြစ်သူ Soe Reh (အသက် ၂၆ နှစ်) သည် ဇူလိုင် ၁၄ ရက်နေ့တွင် ရှေ့တန်း၌ သေဆုံးခဲ့သည်။
Soe Reh သည် ကယားပြည်နယ်၌ ကယားလက်နက်ကိုင်များအပါအဝင် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်နေစဉ် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
Soe Reh သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၌ KnMHC ၏ Medic ဆေးသင်တန်း တစ်နှစ်ကို တက်ရောက်အောင်မြင်ပြီးခဲ့သူလည်း ဖြစ်သည်ဟု သိရသည်။


