၁၈. ၇. ၂၀၂၅
Written by Nay Moe
ဆိုင်ကယ်ဖြင့်ပြန်လာသည့် အသက် ၆၀ ကျော်အရွယ် လက်နက်မဲ့ ကျေးရွာခွဲတာဝန်ခံကို PDF များက ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်မှု ရေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ နံနက် ၈ နာရီတွင် ရေးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးကျော်ထူး(၆၂)နှစ်သည် ရေးမြို့မှ လေးအိမ်စုကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သင်္ဃန်းကျွန်းကျေးရွာအနီးအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH,NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
