၁၈.၇.၂၀၂၅
Written By Thandar
Bo Bo Film Production က အချစ်ဒရာမာဇာတ်လမ်းပုံစံ “ဂေါ်သဇင်”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ စီးပွားရေးလုပ်ငန်းရှင်ပေါ့။ စမတ်ကျကျနေတတ်တဲ့ လုပ်ငန်းရှင်ပေါ့။ မေမြင့်မိုရ်နဲ့ အစုံခန်းလေးတွေ ပါပါတယ်။ ကျွန်တော့်ကို ပရိသတ်မြင်နေကြမဟုတ်တဲ့ ကာရိုက်တာလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တော့ ဇာတ်လမ်းကို ပရိသတ်စိတ်ဝင်စားအောင် အချိတ်အဆက်မိအောင် ကြိုးစားရမှာပါ။ ဇာတ်လေးက ချစ်စရာကောင်းသလို ရို့မန့်ဒရာမာဇာတ်လေးပါ”လို့ အကယ်ဒမီ ကျော်ကျော်ဗိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်ကရေးသားပြီး ဒါရိုက်တာ ရာဇဝင်ကိုက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ စည်သူဝင်း၊ ဘုန်းရှိန်ခန့်၊ ရဲလွင်ဦး၊ မေမြင့်မိုရ်၊ ချိုမဒီသွင်၊ ဇော်ဝင်းနိုင်(မန်း)၊ သတ္တိ၊ ထက်လျှမ်း၊ ပိုင်အိမ်ခ၊ ဩဩ၊ ကောင်းကောင်း၊ ပီယ၊ ဇော်ကြီး၊ လှမျိုးသဉ္ဇာနွယ်၊ ဝါဝါအောင်၊ လှနုထွန်း၊ ဝါဝါမေမောင်၊ အေးသီတာ၊ စုရှိုင်း၊ သာသအောင်၊ သီရိကျော်၊ မေသရဝဏ်၊ မေသွယ်၊ သင်းနဒီဇော်၊ ဝမ်းဝမ်း၊ ကျော့ကျော့၊ ချစ်မမမိုး၊ နှင်းဧကရီ၊ Alice နှင့် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးမှာပါ။
အပိုင်း ၂၅ ပိုင်းပါဝင်မယ့် “ဂေါ်သဇင်”ဇာတ်လမ်းတွဲကို ဇူလိုင်လအတွင်း ရန်ကုန်မြို့မှာ စတင်ရိုက်ကူး ပုံဖော်ပြီး Mahar Application က ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#ကျော်ကျော်ဗို #စည်သူဝင်း #ဘုန်းရှိန်ခန့် #ရဲလွင်ဦး #မေမြင့်မိုရ် #ချိုမဒီသွင် #KyawKyawBo #SiThuWin #PhomeSheinKhant #MayMyintMo #ChoMadiTwin #MaharApplication #BoBoFilmProduction #ဂေါ်သဇင်ဇာတ်လမ်းတွဲ











