နေမိုး
၁၂. ၇. ၂၀၂၅
တပ်မတော်၏ ယခုရက်ပိုင်း နယ်မြေရှင်းလင်းမှုအတွင်း ပုဂံညောင်ဦးကို စစ်ဆင်ရေးလုပ်ဆောင်မည်ဟု ကြုံးဝါးထားသော ညောင်ဦးပကဖအဖွဲ့မှ PDF ငါးဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်ဟု ညောင်ဦးပကဖအဖွဲ့ဖြစ်သော ပုဂံပြည်ဘီလူးတပ်အဖွဲ့က ယနေ့ကြမှ ဝန်ခံလာသည်။


ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့်ခြောက်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီး ယခုမှ ထိုတိုက်ပွဲအတွင်း PDF ၁၁ ဦးသေဆုံးခဲ့ရသည်ကို ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။



တပ်မတော်၏ နယ်မြေရှင်းလင်းမှု တိုက်ပွဲများအတွင်း ပုဂံပြည်ဘီလူးတပ်မှ PDF များဖြစ်သော တပ်စိတ်မှူး ဒီပ၊ ဒုတပ်စိတ်မှူးဂျော်ကာ၊ အရှည်ကြီး၊ ဘငြိမ်း၊ ဒိုကြီးတို့ သေဆုံးကာ Popa Production Guerilla Force အဖွဲ့မှ သုံးဦးသေဆုံးခဲ့သလို ငါးဦးဒဏ်ရာရခဲ့သည်။ ထို့ပြင် အခြား PDF အဖွဲ့များမှ သုံးဦးသေဆုံးခဲ့သလို ဒဏ်ရာရမှုများနှင့် လက်နက်ဆုံးရှုံးမှုများလည်း များပြားခဲ့သည်ဟု သိရသည်။
