၁၁.၇.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်လည်ပတ်ခဲ့တဲ့ အွန်လိုင်းတယ်လီကွန်းလိမ်လည်မှုတွေပြုခဲ့တဲ့ ကျားဖြန့်ရာဇ၀တ်ဂိုဏ်းတစ်ခုရဲ့ အဓိကအဖွဲ့ဝင် တရုတ်နိုင်ငံသား ၂၁ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဥပဒေတွေအရ တရုတ်နိုင်ငံတရားရုံးတစ်ခုမှာ ရုံးတင်တရားစွဲမှုတွေပြုလုပ်ခဲ့တယ်လို့ ဇူလိုင်လ ၁၁ ရက် သတင်းတွေအရ သိရပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေအရ သူတို့ကို လိမ်လည်မှု၊ ကာစီနိုဖွင့်လှစ်မှု၊ ရည်ရွယ်ချက်နဲ့ တမင်တကာ လူသတ်ခဲ့မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား အဓိကဆောင်ရွက်ခဲ့တဲ့ပြစ်မှုတွေအတွက် စွဲချက်အမျိုးမျိုးနဲ့ တရားစွဲခဲ့တာလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံပြည်သူ့လုံခြုံရေး အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒီရာဇ၀တ်ဂိုဏ်းဟာ တရုတ်နိုင်ငံသားခြောက်ဦး သေဆုံးခဲ့ရတဲ့လူသတ်မှုတွေကို ဆောင်ရွက်မှုတွေမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတယ်လို့ ဆိုပါတယ်။
ကျားဖြန့်ဂိုဏ်းအနေနဲ့ အွန်လိုင်းမှ တရားမဝင် တယ်လီကွန်းလိမ်လည်မှု ၃၁,၀၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့လည်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျားဖြန့်ဂိုဏ်းရဲ့ တရားမ၀င်ရန်ပုံငွေ ယွမ် ၁၀ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလျံခန့်) ကျော် ရှိတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
တရားမ၀င်ရန်ပုံငွေ ယွမ် ၁၀ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလျံဝန်းကျင်) ကျော်ဟာလည်း တယ်လီကွန်းလိမ်လည်မှု ၃၁,၀၀၀ ကျော်နဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါ့ပြင် ဒီကျားဖြန့်ဂိုဏ်းက မူးယစ်ဆေးဝါး ခန့်မှန်းခြေ ၁၁ တန်လောက်ကို ထုတ်လုပ်တာ၊ တရားမဝင် ကူးသန်းရောင်းဝယ်တာတွေလည်းလုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း တရုတ်တရားရုံးတစ်ခုက မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားခဲ့တဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင် ၂၃ ဦးကို ရုံးတင်တရားစွဲခဲ့ပါသေးတယ်။
Ref -Xinhua
