၁၁. ၇. ၂၀၂၅
Written by Thettant
ဇူလိုင် ၁၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ အချိန်တွင် ပင်လုံဆေးရုံကြီး၌ ဆီးကြိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သူ စာရေးဆရာမောင်သာချိုကို ရေဝေးသုသာန်တွင် မနက်ဖြန် သင်္ဂြိုဟ်မည်ဖြစ်သည်။
စာရေးဆရာ မောင်သာချို၊ ဂျက် (ကွမ်းခြံကုန်း) အမည်ဖြင့် သရော်စာများလည်း ရေးသားခဲ့ပြီး အမည်ရင်းဦးညွန့်သောင်းဖြစ်ကာ တောင်ကုတ်တက္ကသိုလ်၊ မြန်မာစာဌာန၏ ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ၏ ဒေါက်တာညွန့်သောင်းအဖြစ်လည်း တာဝန်ထမ်းခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိနေပြီဖြစ်သည်။
ဒေါက်တာညွန့်သောင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်နေ ဦးဝင်းသိန်း-ဒေါ်တင်တို့က မွေးဖွားကာ ဒေါ်ခင်သက်ဆွေဖြင့် အိမ်ထောင်ကျခဲ့ပြီးနောက် ဒေါက်တာမေတာရာဖူးနှင့် မောင်ခွန်တေဇတို့ ရင်သွေးနှစ်ဦး ထွန်းကားခဲ့သည်။
ဒေါက်တာညွန့်သောင်းကို ဇူလိုင် ၁၂ ရက် စနေနေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဥက္ကာ (၈)လမ်း၊ အမှတ် (၂၂၇) နေအိမ်မှ ကားများ မွန်းလွဲ ၂ နာရီနှင့် ဗိုလ်ချုပ်လမ်း၊ ဝဇီရာရုပ်ရှင်ရုံ ရှေ့မှ ကားများ မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက နာရေးအစီအစဥ် ကြေညာထားသည်။
