
MT News
၁၀. ၇. ၂၀၂၅
အနုပညာလောကမှာ ကြယ်တစ်ပွင့်အဖြစ် တောက်ပလာပြီး ခေါင်းဆောင်မင်းသား၊ မင်းသမီးဖြစ်လိုတဲ့ အနုပညာဝါသနာပါသူတွေဟာ ဒါရိုက်တာ မင်းသန့်မောင်မောင် ရိုက်ကူးမယ့် Super Starz Academy Reality ကို ချိတ်ဆက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ShowLike Application က ထုတ်ပြန်ထားမှုအရ သိရပါတယ်။
ဒါရိုက်တာ မင်းသန့်မောင်မောင် ရိုက်ကူးမယ့် Super Starz Academy Reality Show ကြီးကို ဝါရင့်အနုပညာရှင် ကြယ်ပွင့်တွေဖြစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနု ၊ အကယ်ဒမီ အေးမြတ်သူ ၊ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်တို့က အကဲဖြတ်စိစစ်ရွေးချယ်ပေးမှာဖြစ်ပြီး သရုပ်ဆောင်ဝါသနာပါတဲ့ မည်သူမဆို အနုပညာခြေလှမ်းအစအဖြစ် လာရောက်ယှဉ်ပြိုင်နိုင်မှာလည်း ဖြစ်ပါတယ်။
Super Starz Academy Reality Show ရဲ့ Winner ရရှိသူကို ShowLike က ရိုက်ကူးတင်ဆက်မယ့် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင် မင်းသား/မင်းသမီးအဖြစ် တင်မြှောက်ကာ ရိုက်ကူးပေးသွားမှာပဲဖြစ်ပြီး Audition ပါဝင်ချင်သူတွေဟာ နာမည်၊ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ အနုပညာလှုပ်ရှားမှု၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ (၃)မိနစ်စာ သရုပ်ဆောင်ထားသော Video နဲ့အတူ Makeup နဲ့ Filter မပါတဲ့ မျက်နှာတည့်တည့်ကနေ ဓာတ်ပုံ ၁ ပုံ၊ မျက်နှာဘေး ဓာတ်ပုံ ၁ ပုံ၊ ကိုယ်လုံးပေါ် ဓာတ်ပုံ ၁ ပုံတို့ကို ပြင်ဆင်ပြီး Viber ဖုန်းနံပါတ် 09 – 254046449 နဲ့ 09-254609105 တို့ကို ပေးပို့ လျှောက်ထားနိုင် မှာဖြစ်ပါတယ်။
https://forms.gle/zgscwMMUwv8yGTvy8 ကနေလည်း လျှောက်ထားနိုင်ပြီး ဇူလိုင်လ ၁၆ရက်၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
