၈.၇.၂၀၂၅
Written by KL
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ်တွင် ယနေ့ ဇူလိုင်လ ၇ ရက် ည ၉ နာရီခန့်က YBS ခရီးသည်တင်ယာဥ်တစ်စီးက လမ်းဘေးလမ်းလျှောက်လာသော အမျိုးသားတစ်ဦးကို တိုက်မိကာ သေဆုံးခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ဆောင်သည့် ပိတောက်ကွေ့ လူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
“ညဘက်မှောင်နေတော့ YBS ယာဥ်တစ်စီးတိုက်သွားတယ်ဆိုတာပဲ သိရတယ်။ ဘယ်ကားနံပါတ်လဲဆိုတာမသိဘူး။ အတိုက်ခံရတဲ့ အမျိုးသားကတော့ နေရာမှာတင် ဆုံးသွားတယ်”ဟု ကူညီသူတစ်ဦးကပြောသည်။
လမ်းလျှောက်လာသူကို ဝင်တိုက်သော YBS ယာဥ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ပိတောက်ကွေ့ လူမှုကူညီရေးအသင်းနှင့် အကြင်နာကုသိုလ်ပြု ဘဘကြီး လူမူကယ်ဆယ်အဖွဲ့ တို့ပူးပေါင်းကာ မြောက်ဥက္ကလာပပြည်သူဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


