




၆.၇.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Found Footage အမျိုးအစားပုံစံ “Something is Coming!” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုအနေနဲ့ ပထမဦးဆုံး Found Footage အမျိုးအစားပုံစံ ဖန်တီးမှာပါ။ ဇွမ်ဘီးပုံစံ ထိတ်လန့်ခြောက်ခြားစရာတွေလည်းပါပါမယ်။ ကိုယ့်ရဲ့ ပထမဦးဆုံးထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်အနေနဲ့ ပရိသတ်ကို ချပြချင်တာပါ” လို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အာကာစိုးဦးက ပြောပါတယ်။
a Twenty Three ထုတ်လုပ်ရေးက ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အာကာစိုးဦးက Horror Thriller Suspense ဇာတ်လမ်းပုံစံ လာမယ့် ဇူလိုင် ၈ ရက်နေ့ကစ ရန်ကုန်မြို့၊ တိုက်ကြီးနဲ့ ဖောင်ကြီးမြို့နယ်ဘက်မှာ ရိုက်ကူးပုံဖော်သွားဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ ချာလီ၊ စွမ်းထက်အောင်၊ သီဟတင်အောင်စိုး၊ အာကာစိုးဦး၊ သူရဇော်ထက်၊ စောသစ်၊ ဖြိုးခန့်၊ လီလီကျော်ခိုင်၊ လိမ္မော်သီး၊ ဒီး၊ မိုခမ်း စတဲ့သူတွေ ပါဝင်ကြမယ်လို့လည်း သိရပါတယ်။