



၃. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများသို့ အလှူငွေများ လှူဒါန်းလိုသော မိဘပြည်သူများ KBZpay မှတစ်ဆင့် အလှူငွေများ လှူဒါန်းနိုင်ပြီဖြစ်ကြောင်း ယနေ့တွင် KBZpay က အသိပေး ထုတ်ပြန်ထားသည်။




နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများကို သဒ္ဒါတရားထက်သန်စွာဖြင့် အလှုငွေထည့်သွင်း လှုဒါန်းလိုသော အလှုရှင်များအနေဖြင့် KBZPay၊ Wave Money၊ AYAPay၊ UABPay၊ A+ Wallet နှင့် အခြားသော မိုဘိုင်းလ်ပိုက်ဆံအိတ်များမှတစ်ဆင့် KBZPay ၏ MMQR ကို Scan ပြုလုပ်ကာ တန်ခိုးကြီးဘုရားများသို့အလွယ်တကူဒါနကုသိုလ်ပြု လှုဒါန်းနိုင်မည်ဖြစ်သည်။




လှူဒါန်းမှုပြုလုပ်နိုင်သော ဘုရားများမှာ စူဠာမုနိလောကချမ်းသာဘုရား၊ ပြည် ရွှေဆံတော်ဘုရား၊ မန္တလေးမဟာမုနိဘုရား၊ မဟာမုနိမျက်ရှင်တော်ဘုရား(ဦးခန္တီဘုရား)၊ ကျောက်ဆည် ကျောက်သေတ္တာစေတီတော်၊ မဟာရွှေမြင်တင်ဘုရား၊ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊ မြစေတီဘုရား၊ အာနန္ဒာဂူဘုရား၊ မနူဟာဘုရား၊ ရွှေစည်းခုံဘုရားများ ဖြစ်သည်။
လှူဒါန်းလိုသော မိဘပြည်သူများအနေဖြင့် KBZpay အား Level 2 သို့ အဆင့်မြှင့်တင်ထားရမည်ဖြစ်ပြီး KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
