၃.၇.၂၀၂၅
Written By Thandar
အနုပညာသရုပ်ဆောင်ပိုင်းတွေမှာ ပါဝင်လာတဲ့ သရုပ်ဆောင် ဆွိက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတွေကြည့်ပြီး ကိုယ်က Single Mom ဆိုပေမယ့် ကိုယ်ချစ်ရတဲ့သူ ဆုံးရှုံးမှာတော့ ကြောက်မိတယ်ဆိုပါတယ်။
“ကိုအောင်ခန့်ဇော်က ရုပ်ရည်လည်းရှိတယ်။ အငယ်ကလည်း ကိုယ်ထက်ငယ်တော့လေ သိမ်ငယ်စိတ်ဝင်မိတာတော့ ရှိတာပေါ့။ ကိုယ်က Single Mom မှမဟုတ်ပါဘူး။ ဘယ်မိန်းမ မဆို ကိုယ်ချစ်ရမယ့်သူကိုတော့ ဆုံးရှုံးရမှာကြောက်တယ်။ ကိုယ့်ကို ဘယ်သူက Strong ဖြစ်တယ်ပြောပြော ကြောက်တယ်။ ကိုအောင်ခန့်ဇော်ကို တအားသည်းခံရတယ်။ အရာအားလုံးကိုတော့ အဆင်သင့်ပြင်ထားတယ်လေ။ ခုခေတ်ကတော့ ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။ သိတဲ့အတိုင်းပဲ ဖောက်ပြန်နေကြမြင်တော့လေ။ Single Mom ဆိုပေမယ့် ကိုယ်ချစ်ရတဲ့သူ ဆုံးရှုံးမှာတော့ ကြောက်တာပေါ့နော်”လို့ သရုပ်ဆောင် ဆွိက ပြောပါတယ်။
သူမကတော့ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့ ဇနီးနေရာက ဇာတ်ကားတစ်ခုပါဝင်ရလို့ အရမ်းတာဝန်ကြီးသလို ဇူလိုင် ၄ ရက်မှာ ရုံတင်ပြသမယ့် ပဉ္စလက်မိုး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ထားတယ်လို့ ဆိုပါတယ်။ ဆွိက သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီးတော့ ချစ်သူကတော့ ပြည်ပနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ပါတယ်။
