၂၈. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာနိုင်ငံသား ဆယ်ဦးကို ကျည်ဆံ ၂၀၀ ကျော်နှင့်အတူ ထိုင်းအာဏာပိုင်များ ဖမ်းမိခဲ့သည်။
ထိုင်းနိုင်ငံ၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ (ACTPD) မှ ရဲတပ်ဖွဲ့ဝင်များသည် အလုပ်သမားရေးရာဌာနမှ အရာရှိများ၏ ယနေ့ ပူးပေါင်းလုပ်ဆောင်သည့် ဖမ်းဆီးမှုသည် ချွန်ဘူရီပြည်နယ်၊ ဘန်းဘောင်းခရိုင်ရှိ စက်ရုံများတွင် စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးသည် အဓမ္မလုပ်အားခိုင်းစေမှုနှင့် လူကုန်ကူးမှုများကို ကာကွယ်ရန်အတွက် အန္တရာယ်များသော အဆောက်အအုံများကို စစ်ဆေးသည့် ပေါင်းစပ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပစ်မှတ်ထားသောနေရာများသည် အဓမ္မလုပ်အားခိုင်းစေမှု သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းနှင့် အလုပ်သမားလူကုန်ကူးမှုများအတွက် အန္တရာယ်များသောနေရာများဟု ယုံကြည်ရသည်။
ထို စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဖမ်းမိသူများ၏ အခန်းအတွင်းရှိ ပလပ်စတစ်ပုံးထဲမှ .22 ကယ်လီဘာ ကျည်ဆံ ၇ တောင့်၊ .40 ကယ်လီဘာ ကျည်ဆံ ၂၆ တောင့်၊ 9mm ကယ်လီဘာ ကျည်ဆံ ၂၁ တောင့်၊ .45 ကယ်လီဘာ ကျည်ဆံ ၁၇ တောင့်၊ 5.56×45 ကယ်လီဘာ ကျည်ဆံ ၁၃၂ တောင့်နှင့် အခြားကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်။
အချို့သောသူများသည် မှတ်ပုံတင်စာရွက် စာတမ်းများ မရှိခဲ့ကြပေ။ ဖမ်းဆီးခံရသူများသည် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသဖြင့် ၎င်းတို့ကို ချွန်ဘူရီပြည်နယ်၊ ဘန်းဘောင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ကနဦး စစ်ဆေးမေးမြန်းမှုအတွင်း သံသယရှိသူများက စွဲချက်အားလုံးကို ဝန်ခံခဲ့ကြပြီး လက်ရှိတွင် ဘန်းဘောင်းရဲတပ်ဖွဲ့သည့် ဖမ်းမိသူများကို အလုပ်ပါမစ်မရှိဘဲ နိုင်ငံခြားသားအဖြစ် လုပ်ကိုင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ခဲယမ်းများပိုင်ဆိုင်ခြင်း၊ မှတ်ပုံတင်အရာရှိက လိုင်စင်ထုတ်ပေး၍မရသော ခဲယမ်းများပိုင်ဆိုင်ခြင်းစသည့် စွဲချက်များဖြင့် အရေးယူထားသည်ဟု သိရသည်။
Ref, Khaosod



