၂၈.၆.၂၀၂၅
Written By Thandar
Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ (၂၀၂၅-၂၀၂၈) အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။
Canal + Myanmar “Glitter Night of Canal +”ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကျော်အားကစားသမားတွေ၊ အနုပညာရှင်တွေဖြစ်တဲ့ မောင်မောင်လွင်၊ လုံးချော၊ ဇော်နိုင်ဝင်း၊ ထွန်းထွန်း၊ ရဲလွင်ဦး၊ အဲလစ်အုန်း၊ ဝေလာရီ၊ မေတိုးခိုင် စတဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ Canal + Myanmar က သုံးစွဲသူတွေရဲ့ ပြန်ပြောလာတဲ့စကားတွေကို အစဉ်မပြတ် နားထောင်ပြီး လာမယ့်ဘောလုံးရာသီကစပြီး မြန်မာနိုင်ငံက ဘောလုံးပရိသတ်တွေအားလုံးအတွက် ပရီးမီးယားလိဂ်ကို တစ်ဦးတည်းမူပိုင်ခွင့်နဲ့ တရားဝင်ထုတ်လွှင့်ပြသခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ CANAL+ သုံးစွဲသူတွေအနေနဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ၊ အကောင်းဆုံး အားကစားဖျော်ဖြေရေး အစီအစဉ်တွေအပြင် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေ အပါအဝင် အကောင်းဆုံး DTH, DTTI Smart TV၊ ဖုန်းနဲ့တက်ဘလက်တွေနဲ့ပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်”လို့ Canal + Myanmar CEO MrCyril Le Jeune က ပြောပါတယ်။
ကမ္ဘာ့ဘောလုံးကြယ်ပွင့် ဘောလုံးအသင်းတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တွေပါဝင်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကြီးကို CANAL+ Myanmar မှာ လာမယ့်ဘောလုံးရာသီကနေစပြီးတော့ တစ်ရာသီစာ ပွဲ ၃၈၀ လုံးစာ သုံးရာသီဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ်လို့ဆိုပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ပရိသတ်တွေအနေနဲ့ (၂၀၂၅ -၂၆)(၂ဝ၂၆ – ၂၇) နဲ့ (၂ဝ၂၇ – ၂၈) ဘောလုံးရာသီတွေအတွင်း CANAL+ ရုပ်သံလိုင်းတွေနဲ့ Canal + APP မှာ အားကစားသမားတွေနဲ့ အင်တာဗျူးတွေ၊ မဂ္ဂဇင်းအစီအစဉ်တွေ ပွဲစဉ်ဟိုက်လိုက်တွေနဲ့ ပရီးမီးယားလိဂ်က သီးသန့်ဖန်တီးထားတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အနုပညာရှင်တွေ အမာခံပရိသတ်တွေ ပါဝင်တဲ့ “PL Show Time အခုကြည့်” အစီအစဉ်၊ ဖူးနဲ့ အတူတူ ရန်ကုန်မြို့မှာ သွားလာလှုပ်ရှားနေတဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေကို စူးစမ်းမေးမြန်းမယ့် “ဖူးနဲ့လိမ့်မယ် အစီအစဉ်”၊ ဘယ်မှာမှ မတွေ့ရသေးတဲ့ အင်္ဂလန်က ဘောလုံးကွင်းထဲအထိ CANAL+ ပရိသတ်တွေကို အရောက်ခေါ်ဆောင်သွားမယ့် “Crazy Ki Ki အစီအစဉ်တွေကို CANAL+ ရုပ်သံလိုင်းနဲ့ Application တို့မှာ ထုတ်လွှင့်တင်ဆက်ပေးမယ်လို့ သိရပါတယ်။
#TunTun #AlicOng #MayToeKhine #MgMgLwin #YeLwinOo #CanalPlus #Canal+Myanmar
#PremierLeague







