၂၆.၆.၂၀၂၅
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီး မေမြင့်မိုရ်က အကယ်၍ ရုပ်ရှင်ဇာတ်ကားကြီးမှာ တည်ငြိမ်တဲ့အချစ်နဲ့ ချစ်တတ်တဲ့ စာရေးဆရာမလေးတစ်ယောက်နေရာ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
“မေ့အနေနဲ့ အကယ်၍ ဇာတ်ကားထဲမှာ ကိုယ့်ရဲ့ချစ်သူကို နားလည်ပေးတဲ့ကောင်မလေးပေါ့။ အေးဆေးပြီ တည်ငြိမ်တဲ့အချစ်နဲ့ ချစ်တတ်တဲ့ စာရေးဆရာမလေး တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ကိုယ်က ချစ်တတ်ပြီးတော့ တည်ငြိမ်သူပေါ့နော်။ စာရေးဆရာမဆိုတော့ အမြဲတမ်း စာထဲပဲ အာရုံရောက်ပြီးတော့ ချစ်သူနဲ့ နည်းနည်း Type မတူတဲ့ ပုံစံမျိုးလေးပေါ့။ ရိုမန့် အိမ်ထောင်ရေးလေးလည်းပါတော့ နည်းနည်းလောင်ရမယ်ပေါ့နော်။ လက်ရှိ Life တွေ၊ ဖြစ်ပျက်နေတာလေးတွေ ပါတာပေါ့။ အရမ်းချစ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် Type မတူရင် ဆက်တွဲလို့မရတာပေါ့။ အိမ်ထောင်ရေးမှာ ကလေးမဆန်သင့်တာပေါ့နော်”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။
သူမကတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN)တို့ ရိုက်ကူးမယ့် ဒီဇာတ်ကားမှာ စိုင်းစည်တွမ်ခမ်း၊ နေထွဋ်၊ စိုးပြည့်သဇင်၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ မေပန်းချီနဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ လက်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးလာသူလည်းဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
#မေမြင့်မိုရ် #MayMyitMo #MyanmarActress
#အကယ်၍ရုပ်ရှင်ဇာတ်ကားကြီး



