
၂၂.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ သမ္မတ ဒေါ်နယ်ထရန့် က အမေရိကန်လေတပ်ဟာ အီရန်ရဲ့နျူကလီးယား စက်ရုံသုံးခုကို B-2 ဗုံးကြဲလေယာဉ်တွေနဲ့ အမေရိကန်စံတော်ချိန် ဇွန်လ၂၁ ရက် ညနေပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Truth Social လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ထရန့်က လေယာဉ်တွေဟာ အီရန်ရဲ့ နျူကလီးယားအဆောက်အအုံသုံးခုဖြစ်တဲ့ ဖေါဒိုး(Fordow)၊ နာတန့်ဇ်(Natanz) နဲ့ အက်စ်ဖာဟန်(Esfahan) တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ထရန့်ကတော့ ခုလိုတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးအတွက် အချိန်ရောက်ပြီလို့ ပြောခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ရေးသားဖော်ပြပြီးနောက် အရှေ့ပိုင်းစံတော်ချိန် ည ၁၀း၀၀ နာရီ(မြန်မာစံတော်ချိန် ဇွန် လ ၂၂ ရက် နံနက် ၈း၃၀ နာရီ)မှာတော့ ထရန့်က နိုင်ငံကို မိန့်ခွန်းပြောကြားမှုပြုခဲ့ပါတယ်။
အီရန်အရာရှိတွေကလည်း အီရန်ရဲ့ နျူကလီးယားအဆောက်အအုံ သုံးခုကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာ အီရန်နိုင်ငံပိုင်မီဒီယာတွေမှာ အတည်ပြုပြောခဲ့ကြပါတယ်။ဖေါဒိုးလို မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်အနေနဲ့ ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ ဘန်ကာဖျက်ဗုံးကွေကို အသုံးပြုပြီးတော့ပဲ ဖျက်ဆီးနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
အီရန်မီဒီယာတွေကတော့ နျူစက်ရုံတွေကို ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
Ref- CNN
