
၂၂.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်လေတပ်က အီရန်ရဲ့နျူကလီးယား စက်ရုံသုံးခုကို B-2 ဗုံးကြဲလေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့အပြီး ဇွန်လ၂၁ ရက်၊ ည ၁၀ နာရီမှာ အမေရိကန်ပြည်ထောင်စု၊ သမ္မတ ဒေါ်နယ်ထရန့် က နိုင်ငံကို မိန့်ခွန်းပြောရာမှာ အီရန်အနေနဲ့ငြိမ်းချမ်းရေးကိုသဘောမတူ၊ မဆောင်ရွက်ဘူးဆိုရင် အီရန်မှာရှိတဲ့ တခြားပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ရလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထရန့်က ဒီတိုက်ခိုက်မှုရဲ့ အဓိက ရည်ရွယ်ချက်က အီရန်နိုင်ငံရဲ့နျူကလီးယားစွမ်းဆောင်နိုင်ရည် ကို ဖျက်ဆီးဖို့နဲ့ နျုူကလီးယားခြိမ်းခြောက်မှုကို ရပ်တန့်စေဖို့လို့ ပြောခဲ့ပါတယ်။

ထရန့်က “အီရန်ကိုတိုက်ခိုက်မှုက အောင်မြင်မှုရရှိခဲ့ပြီး ဒါက အခုမှ အစပဲ ဖြစ်ကောင်းလည်းဖြစ်နိုင် တယ်” လို့ ပြောခဲ့ပါတယ်။ အီရန်အနေနဲ့ ငြိမ်းချမ်းရေးအတွက် သဘောမတူ၊ မပြုလုပ်ဘူးဆိုရင် ပြီးခဲ့တဲ့ ရှစ်ရက် စစ်ပွဲကာလမှာ ကြုံခဲ့တာထက် များစွာဆိုးဝါးတဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာတွေ ကြုံရလိမ့်မယ်လို့ သူ့ရဲ့လေးမိနစ်နီးပါးသာကြာတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
အီရန်ကငြိမ်းချမ်းရေးအတွက် မလိုလား၊ မဆောင်ရွက်ရင် လာမယ့်တိုက်ခိုက်မှုတွေက ပိုမိုကြီးမားမှာ ဖြစ်ပြီး ပိုလို့ လွယ်ကူလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ အီရန်က အလျှော့မပေးသေးဘူးဆိုရင် အီရန်မှာတိုက်ဖို့နေရာတွေအများကြီးရှိသေးတယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့တာပါ။
ပင်တဂွန်စစ်ဌာနချုပ်မှာ ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဆက်နဲ့ အမေရိကန်ဗိုလ်ချုပ်ကြီးတွေက ဒေသစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၈ နာရီမှာ ပင်တဂွန်စစ်ဌာနချုပ်မှာ သတင်းစာရှင်းပွဲလုပ် ကြမယ်လို့လည်း ထရန့်က ထည့်သွင်းပြောကြားသွားပါတယ်။
Ref- The Politico
