၂၀.၆.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ် ထုတ်လုပ်သူအနေနဲ့ လုပ်ဆောင်လာတဲ့ အဆိုတော် ရှင်နန်းရဲ့ ဇွန်လ ၁၉ ရက်က ကျရောက်တဲ့ မွေးနေ့အမှတ်တရအဖြစ် ခဏလေးလည်းမခွဲချင်ပါ သီချင်းသစ် ပရိသတ်ကို လက်ဆောင်ပေးခဲ့ပါတယ်။
သူ့မရဲ့ မွေးနေ့ Dinner Party ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Vintage Luxury Hotel မှာကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
“ရှင်နန်းရဲ့ မွေးနေ့ကို အသက်တော့ မပြောတော့ပါဘူး။ မွေးနေ့ကို မနက်ပိုင်းမှာတော့ အလှူတွေလုပ်ရင်း နှစ်စဉ်ဖြတ်သန်းဖြစ်ခဲ့တယ်။ ဒီနှစ်က မနက်ပိုင်း အလှူလေးလုပ်ပြီး ညပိုင်းက Dinner ပွဲလေး ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လုပ်ဖြစ်တာပါ။ မွေးနေ့အမှတ်တရအနေနဲ့ ဒီနေ့ သီချင်းသစ်လေးထုတ်ထားပါတယ်”လို့ အဆိုတော် ရှင်နန်းက ပြောပါတယ်။
အဆိုပါ မွေးနေ့ပွဲကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ အစ္စဏီ၊ ဒေါင်းဝေ၊ ကိုဘိုစန်း၊ ဘရန်ဒိုလီ၊ စိုးသီဟ၊ မိဖူး၊ ကျော်ကျော်နန္ဒ၊ မင်းဒီပါကျော်၊ သဒ္ဒါနန်းထိုက်၊ ကျော်ကျော်အိန္ဒြာ၊ မိုကိုခန့်၊ တာတာ စတဲ့သူတွေ တက်ရောက်ခဲ့ပြီး မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။
အဆိုတော် မိဖူးကလည်း မွေးနေ့ပွဲမှာ DJ တွေတီးကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဘူဖေးဧည့်ခံကျွေးမွေးခဲ့ပါတယ်။
#ရှင်နန်း #ShinNan #MyanmarSinger #MyanmarCeleBirthday #BirthdaySongGift #Issni #BoSan







