



၁၉.၆.၂၀၂၅
Written By Thandar
လူငယ်တွေရဲ့ အနာဂတ်တွေ ပိုမိုကောင်းမွန်တဲ့ ပညာရေးလမ်းကြောင်းကို ရွေးချယ်ချင်တဲ့ ကျောင်းသားတွေအတွက် NMA College – Faculty of Information Technology ရဲ့ Campus အသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇွန် ၁၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Times City Complex ရှိ NMA College New Campus Building (217) မှာ ကျင်းပခဲ့ပါတယ်။
“NMA College က အခုဆိုရင် မေဂျာသုံးခုကို အဓိကထားပြီး ဖွင့်လှစ်ထားတယ်။ စီးပွားရေး စီမံခန့်ခွဲမှု မေဂျာ၊ ကွန်ပြူတာသိပ္ပံ မေဂျာလည်း ရှိသလို Civil Enginnering တွေလည်း ရှိတဲ့အတွက် အားလုံးသော ဘာသာရပ်တွေက အသက်မွေးဝမ်းကြောင်း ဘာသာရပ်တွေလည်း ဖြစ်သလို ကမ္ဘာ့တက္ကသိုလ်တွေမှာလည်း ကျောင်းသားတွေရဲ့ ရွေးချယ်မှု နံပါတ် ၁ ကနေ နံပါတ် ၅ အတွင်း ဝင်နေတဲ့ ဘာသာရပ်တွေထဲမှာ ပါနေပါတယ်။ အနာဂတ်ရဲ့ အလုပ်အကိုင်အခွင့်အလမ်း အတွက်သာမက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကို တည်ဆောက်ချင်တယ်။ ခိုင်မာတဲ့ ပညာရပ်တစ်ခုကို ရယူချင်တယ်ဆိုရင် NMA College ကို ရွေးချယ်သင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကျောင်းရဲ့ သင်ကြားရေးပိုင်းမှာဆိုရင်လည်း ပြည်တွင်းက တကယ့်ကို အရည်အချင်းရရှိတဲ့ သင်ကြားရေးဆရာတွေက ပြင်ပကသင်ရိုးတွေ ပေါင်းစပ်ပြီးတော့ သင်ကြားပေးနေတာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ အနာဂတ်ပညာရေးအတွက် ပိုမိုကောင်းမွန်ချင်တယ်ဆိုရင် NMA Collegeကို ရွေးချယ်သင့်ပါတယ်”လို့ NMA College ရဲ့ Senior Lecturer ဦးမင်းထောမွန်က ပြောပါတယ်။
အဆိုပါ NMA College ရဲ့ Campus အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် အုပ်စိုးခန့်၊ သရုပ်ဆောင်စနိုးကြည်ဖြူ၊ အဆိုတော်သားစည်သူ၊ လင်းပြည်ဟိန်း (Myanmar Star Season 2)၊ အဆိုတော်အေးသျှားတို့ တက်ရောက်ခဲ့ကြပါတယ်။
NMA College (FIT) မှာ UK နိုင်ငံ NCC Education Center က တိုက်ရိုက်ပေးအပ်မယ့် BSc (Hons) Business Computing and Information Systems (Top-up) Degree ဘွဲ့ကိုရယူနိုင်မယ့်အပြင် IT ပညာရေးလမ်းကြောင်းကို စိတ်ပါဝင်စားတဲ့ကျောင်းသားတွေအတွက် UK IT Bachelor နဲ့ စီးပွားရေးစီမံခန့်ခွဲမှု မေဂျာ၊ ကွန်ပြူတာသိပ္ပံ မေဂျာစတဲ့ ပညာရပ်တွေကို လေ့လာသင်ယူနိုင်တယ်လို့ သိရပါတယ်။
