




၁၉.၆.၂၀၂၅
Written By Thandar
ကားချစ်သူတွေအတွက် Beijing Automobile Works (BAW) E-M7 ရဲ့ Launching Ceremony မြန်မာပြည်မှာ စတင်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၁ နာရီခွဲက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
“ကျွန်တော်တို့ ဈေးကွက်ရဲ့ အရွေ့တွေဟာ နိုင်ငံတိုးတက်မှုရဲ့ အရွေ့တွေလည်းဖြစ်ပါတယ်။ Electronic Vehicle တွေဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းကို Next Level သို့ ပို့ဆောင်ပေးနိုင်မယ့် တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ တစ်ချိန်ထဲမှာလည်း စိန်ခေါ်မှုတွေနဲ့ Royal Motors Group Subsidiary co Great Sapphire ရဲ့ လျှပ်စစ်မော်တော်ယဉ်များနဲ့အတူ ခြေလှမ်းသစ် စတင်ခဲ့ပါပြီ ” လို့ Royal Motors ရဲ့ CEO ဖြစ်သူ ဒေါက်တာသက်လွင်ဖြိုးက ပြောပါတယ်။
ဒီအခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ မင်းသား ရာဇာနေဝင်း၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူနဲ့ အဆိုတော် မျိုးကျော့မြိုင် အပြင်စတဲ့
Blogger တွေတက်ရောက်ကြပါတယ်။
“ကျွန်တော်တို့ လေ့လာမှုအများကြီးပြုလုပ်ခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာလည်း စက်ရုံပေါင်းများစွာကို လှည့်လည်သွားလာခဲ့ပြီး ဘယ် Model က မြန်မာနိုင်ငံက မိသားစုတွေနဲ့ ကိုက်ညီမလဲဆိုတာကို သုံးသပ်ဆွေးနွေးပြီးမှ BAW ရဲ့ E-M7 ကို တင်သွင်းဖို့ ဆုံးဖြတ်ခဲ့တာပါ ” လို့ ဒေါက်တာသက်လွင်ဖြိုးက ဆက်လက်ပြောပါတယ်။
