
၁၃.၆.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်( ဆိပ်ကမ်း) မြို့နယ်၊ ညောင်ပင်ကျေးရွာ၊ စက်မှုဇုန် (၄)၊ နှင်းဆီလမ်းရှိ ဂိုထောင်တွင် ဇွန်လ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သော မီးလောင်မှုမှာ လျှပ်စစ်မီးသီးကို အချိန်ကြာမြင့်စွာ ကော်ခုံပေါ်တွင် တင်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မိနစ် ၅၀ ကျော်ကြာသော မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ အုပ်ညှပ်တစ်ထပ် ဆန်ကွဲဂိုထောင်နှင့် ဆန်ကွဲအိတ် ၂၀၊ပလတ်စတစ်ခုံ ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ဆန်ကွဲတို့ ဖွဲတို့က မီးတငွေ့ငွေ့လောင်ရင်း မီးတောက်ကြီးသွားတာ။ လူထိခိုက်သေဆုံးမှုမရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၄ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် သရက်ပင်ချောင်နယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။