
၁၃.၆.၂၀၂၅
Written By Thandar
ပြင်သစ်၊ ထိုင်း၊ UK နိုင်ငံတွေကကျောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာအဆင့်မီ ပညာရေး သင်ရိုးညွှန်းတမ်းအတိုင်း ဝါရင့်ဆရာ၊ ဆရာမကြီးတွေ သင်ကြားပို့ချပေးလျက်ရှိတဲ့ Parami PIU International College စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ပါရမီလမ်းမပေါ် (စိန်ဂေဟာ -ပါရမီအရှေ့)မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“ဒီနေ့က ထူးထူးခြားခြား PIU College ကျောင်းရဲ့ Founder ရဲ့ မွေးနေ့လည်း ဖြစ်တယ်။ ကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်ကို ဒီနေရာကို ရွေးချယ်ပြင်ဆင်ပြီးမှ Founder ရဲ့ မွေးနေ့ဖြစ်တဲ့ ဒီနေ့လေးမှာ ပြန်ပြီး ဖွင့်လှစ်ဖြစ်တာပါ။ ဒီနေ့ကတော့ Campus Grand Opening အနေနဲ့ ဖွင့်လှစ်ဖြစ်တာပါ။ ကျွန်တော်တို့ ကျောင်းက ကျောင်းသားတွေအပေါ်မှာ ကောင်းမွန်ပြီး စစ်မှန်တဲ့ပညာရေးကို ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာဖြစ်တယ်။ ဒီကျောင်းမှာဆိုရင် BBA Program တွေနဲ့ MBA ကျောင်းသားတွေ အများကြီးကို မွေးထုတ်ပေးပြီးသွားပါပြီ။ ကျွန်တော်တို့ ဆီမှာ BBA Program ဆိုရင်လည်း မြန်မာနိုင်ငံမှာတင်ပဲသင်ယူပြီး အင်တာနေရှင်နယ်က ဘွဲ့ကို ယူလို့ရပါတယ်။ ချိတ်ဆက်ထားတဲ့ ကျောင်းတွေက ပြင်သစ်၊ ထိုင်း၊ UK က ကျောင်းတွေနဲ့ ချိတ်ဆက်ထားတယ်။ ကျွန်တော်တို့ကျောင်းမှာ ဝါရင့်ဆရာ၊ ဆရာမကြီးတွေနဲ့ သင်ကြားရေးပိုင်းမှာ သေချာလေး ဂရုတစိုက်သင်ပေးပါတယ်။ ကျွန်တာ်တို့က မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍနဲ့ ကိုက်ညီမှုရှိအောင် နိုင်ငံတကာ ကျောင်းတွေက သင်ရိုးညွှန်းတမ်းတွေနဲ့ သေချာချိတ်ဆက်ပြီး သင်ပေးပါတယ်”လို့ PIU College ရဲ့ Head of Campus ဦးညီမင်းဌေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဖွင့်လှစ်လိုက်တဲ့ Parami PIU International College ကျောင်းက ယခင်နဲ့ မတူဘဲ နိုင်ငံတကာ အဆင့်မီကျောင်းတွေရဲ့ စံချိန်စံညွှန်းတွေအတိုင်း စာသင်ခန်းတွေ၊ နားနေခန်းတွေနဲ့ စာကြည့်တိုက်တွေကိုပါ ထည့်သွင်းဆောင်ရွက်ထားပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနိုင်ရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် စီးပွားရေးနယ်ပယ်မှာ Professional ကျကျ ဆောင်ရွက်နိုင်ဖို့ စီမံခန့်ခွဲမှု့စွမ်းရည်ကို အကောင်းဆုံးသင်ရိုးတွေနဲ့ သင်ကြားပေးမယ့် ပြင်သစ်နိုင်ငံအစိုးရအသိအမှတ်ပြု IDRAC Business School က တိုက်ရိုက်ချီးမြှင့်တဲ့ MBA ဘွဲ့ကို ရရှိနိုင်မယ့် MBA Program အပြင် Diploma in Business Management Administration, Diploma in Human Resource Management, Diploma in Sales and Marketing Management၊ Diploma in Professional English၊ Diploma in Accounting, Diploma in Strategic Manage ment, Diploma in International Marketing Management အစရှိတဲ့ ဘာသာရပ်တွေကို PIU College မှာ လေ့လာ သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#PIUCollege #ပြင်သစ်ထိုင်းUK နိုင်ငံ
#PIUInternationalCollege
#ParamiPIUInternationalCollege







