
၁၂. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ အမယ်ဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း Al-171 ယနေ့တွင် ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီဒရောပါဒီမာမူနှင့် ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီတို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်(ယနေ့) တွင် အိန္ဒိယသမ္မတနိုင်ငံ အမယ်ဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီဒရောပါဒီမာမူထံသို့ ပေးပို့သည်။
ထို့အတူ SAC ဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက် (ယနေ့)တွင် အိန္ဒိယသမ္မတနိုင်ငံ အမယ်ဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီထံသို့ ပေးပို့ခဲ့သည်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော အမယ်ဒါဘတ်မြို့တွင် လူပေါင်း ၂၄၂ ဦး တင်ဆောင်လာသော Air India လေယာဉ်တစ်စင်းသည် ယနေ့ ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် လေယာဉ်ပြေးလမ်းမှ စတင်ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။ အဆိုပါလေယာဉ်သည် ယူကေရှိ လန်ဒန်မြို့ ဂတ်ဝှစ်လေဆိပ်သို့ ဦးတည်ပျံသန်းသည့် လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှူထမ်း ၁၀ ဦး လိုက်ပါခဲ့ကာ ခရီးသည်များအဖြစ် အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ၇ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦး လိုက်ပါခဲ့သည်။ အဆိုပါလေယာဉ်ကြီး ပျက်ကျခဲ့မှုတွင် လိုက်ပါလာသူ လူ ၂၄၂ ဦးအနက် ဗြိတိန်နိုင်ငံသားတစ်ဦးသာ အသက်ရှင်ခဲ့ပြီး လူပေါင်း ၂၄၁ ဦးအထိ သေဆုံးခဲ့ရသည်။
