၁၂.၅.၂၀၂၅.
Translated by Htwe Ko Tun
ဘီလျံနာ သူဌေးကြီး အီလွန်မာ့စ်ခ်က သမ္မတ ဒေါ်နယ်ထရန့်နဲ့ သူတို့အကြား လူမှုကွန်ရက်မှာ အပြန်အလှန်ဖြစ်ခဲ့ရတဲ့ရန်ပွဲကို အဆုံးသတ်စေဖို့ ကြိုးစားတဲ့အနေနဲ့ လူမှုကွန်ရက် X မှာ ဇွန်လ ၁၁ ရက် နံနက်က သမ္မတထရန့် နဲ့ ပတ်သက်လို့ သူတင်ခဲ့မိတဲ့ ပို့စ်တွေက အတော်လေးအလွန်အကျွံဖြစ်သွားတာမို့လို့ စိတ်မကောင်းဖြစ်ရပါတယ်လို့ တောင်းပန်တဲ့အနေနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
မာ့စ်ခ်က နှစ်ဦးအပြန်အလှန် အွန်လိုင်းပေါ်ကတိုက်ခိုက်နေခဲ့ကြတုံးက သမ္မတထရန့်ကို ၂၀၁၉ ခုနှစ်က ထောင်အတွင်း ကြိုးဆွဲချသေဆုံးခဲ့တဲ့ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ဆက်နွှယ်ပတ်သက်ခဲ့တယ်လို့တောင် ဇွန်လ ၅ ရက်က ပို့စ်တင်ခဲ့ပါတယ်။ ဂျက်ဖရီ အက်ပ်စတိန်းကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ လိင်ကုန်ကူးမှုတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။ ဒါပေမယ့် မာ့စ်ခ်က အဲဒီပို့စ်ကို နောက်ပိုင်းမှာ ပြန်ပြီးဖျက်ခဲ့ပါတယ်။
သူတိုနှစ်ဦးရဲ့ ရန်ပွဲက သမ္မတထရန့်က အစိုးရအသုံးစရိတ်ဥပဒေကြမ်းတစ်ရပ်ကို အဆိုပြုတင်ပြခဲ့ပြီးနောက် ဒီဥပဒေကြမ်းက စိတ်ပျက်ဖို့ကောင်းတယ်။ လိုငွေတွေတော့ပြဦးမှာပဲလို့ အီလွန်မာ့စ်ခ်က ဝေဖန်ခဲ့ရာကနေ စတင်ခဲ့တာပါပဲ။ မာ့စ်ခ်က ထရန့်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်ပြဌာန်းမှုတွေက ဒုတိယနှစ်ဝက်အတွင်းမှာ စီးပွားရေးကျဆင်းမှု ဖြစ်စေလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။
ထရန်ကတော့ “ မာ့စ်ခ်က ကျွန်တော့်ကို ဆန့်ကျင်ပြောကြားနေတာကို အရေးလုပ်မနေတော့ဘူး။ ဒီဥပဒေကြမ်းကလည်း ကွန်ဂရက်ကိုတင်တဲ့ထဲမှာအကောင်းဆုံးတစ်ခုဖြစ်မှာပါ” လို့သာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ထရန့်က လာမယ့်ရွေးကောက်ပွဲတွေမှာ မာ့စ်ခ်အနေနဲ့ ဒီမိုကရက်တွေကို ကူညီဖို့ အားထုတ်ခဲ့ရင် ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်ရပ်ကိုကြုံရလိမ့်မယ်လို့တော့ သတိပေးခဲ့ပါတယ်။ မာ့စ်ခ်ဟာ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲအတွက် ထရန့်ရဲ့ ၂၀၂၄ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုအတွက် အကြီးဆုံးအလှူရှင်ဖြစ်ပြီးသမ္မတ၏ညာလက်ရုံးအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။
Ref- Yahoo
